~ᶠᵃˡˡ ⁱⁿ ˡᵒᵛᵉ ʷⁱᵗʰ ᵐʸ ᵏⁱᵈⁿᵃᵖᵖᵉʳ~ HyunChan

1K 42 127
                                    

Read as your own risk.


အဖြူရောင်မွေ့ယာကြီးပေါ်မှာ အိပ်နေတဲ့ ဖက်ထုပ်ဖြူလုံးလေးလို ကောင်လေးအပေါ်သို့
လိုက်ကာကြားထဲမှ တိုးဝင်လာသောနေရောင်က
ကျဆင်းနေ၏။ နေရောင်ခြည်ကြောင့်ပဲ ထိုကောင်လေးရဲ့ Blondeရောင် ဆံသားရှည်လေးတွေက ပိုမိုတောက်ပနေသလို အိပ်ပျော်နေရှာသော မျက်နှာငယ်လေးမှာလဲ ဝင်းမွတ်နေ၏။

Hyunjinတစ်ယောက် သူ့မျက်လုံးများကို လာတိုက်ခိုက်နေသော နေရောင်ကြောင့် အိစက်လွန်းသောမွေ့ယာပေါ်မှ မထချင်ပဲ ထလိုက်ရသည်။
ဒီနေ့မှ အိပ်ရတာ ပိုမိုအိပ်လို့ကောင်းနေ သယောင်ယောင်။

ဆက်၍အိပ်ချင်နေသေးလို့ မပွင့်သေးတဲ့ မျက်လုံးလေးတွေကို ပွတ်မိသည်။

Wtf!!!ဒီနေ့မင်္ဂလာဆောင်ရှိတာပဲ!!!

မင်္ဂလာဆောင်။ ဟုတ်သည်။ သူဒီနေ့အိမ်ကစီစဉ်ပေးသောသူနှင့် မင်္ဂလာဆောင်ရတော့မည်။
သူမသိမနှစ်ခြိုက်ရတဲ့သူနဲ့ မင်္ဂလာဆောင်ရမည်ကို တွေးမိတာနဲ့တင် စိတ်ချမ်းသာမှုတွေ ပျောက်ဆုံးသွားသည်။

အိပ်ယာပေါ်မှဆင်းဖို့ ကြိုးစားကြည့်တော့
စသတိထားမိတာက သူ့ခြေထောက်မှာ အလှဆင်ထားတဲ့ ချိန်းကြိုးကိုပင်။

အခုမှမပွင့်ချင်သေးတဲ့ မျက်လုံးပြူးသွားပြီး အခန်းအနေအထားကို သတိထားမိသည်။
သူရှိနေတဲ့ အခန်းက အရမ်းကျယ်လွန်းနေသလို
လိုက်ကာအနီတွေနဲ့ ကာထားတဲ့ ပြတင်းပေါက်
အကြီးကြီးတွေလဲရှိနေ၏။ အခန်းတစ်ခုလုံး အနီရောင်တွေနဲ့ပဲ အလှဆင်ထားကာ အခန်းအသုံးအဆောင် ပစ္စည်းတွေကလည်း ဈေးကြီးမဲ့အရာတွေချည်း။

သူရှိနေတဲ့ မွေ့ယာဟာလဲ သူ့အိမ်ကလို တစ်ယောက်အိပ်ပိစိလေးမဟုတ်ပဲ King sizeမွေ့ယာကြီး ဖြစ်နေ၏။

ခြေထောက်ကသံကြိုးကို အာရုံစိုက်မိတော့ သံကြိုးက နံရံတစ်ခုနဲ့ ဆက်သွယ်ထားတာကို
သိလိုက်ရသည်။

ဒီလောက် ကြီးကျယ်ခမ်းနားတဲ့ အိပ်ခန်းကျယ်ကြီးထဲမှာ သံကြိုးခတ်ခံထားရတဲ့ သူ့ရဲ့ပုံစံက
Movieတွေထဲကလို သူဌေးကြီးဆီမှာ ပြန်ပေးဆွဲခံထားရတဲ့ မင်းသမီးလေးနဲ့ တူနေ၏။

Stray Kids || NovelettesWhere stories live. Discover now