𝚈𝚘𝚞 𝚖𝚞𝚜𝚝 𝚕𝚘𝚟𝚎 𝚖𝚎 <Unicode>

474 48 14
                                    

"လော်ယွင်ရှီး"

"ဖမ်းလိုက်!!!"

စာသင်ခန်းရှေ့ဆုံး ဝင်ပေါက်တည့်တည့်မှ အသံကျယ်ကြီးနဲ့အော်သံအပြီး အထုတ်တစ်ထုပ်ကသူ့မျက်နာဆီ ဝှီးခနဲရောက်ရှိလာသည်။ ထိုလူကတော့ ဘောင်းဘီအိတ်ထဲလက်ထည့်ကာ စတိုင်ကျကျလျှောက်လှမ်းလာနေတာ တကယ့်Runway Modelတစ်ယောက်အတိုင်း။

လောယွင်ရှီးစိတ်တိုတာကတစ်ဖက်နဲ့ အမြန်လှမ်းဖမ်းလိုက်ရသည်။

"ချန်ဖေးယွီ မင်း..!!!"

"ဘာလဲ ကျေးဇူးတင်သွားပြီလား ချော်လဲရအောင်ဘာတွေတွေးနေတာလဲ အမြန်ဆေးလိမ်းလိုက် ခဏနေယောင်လာလိမ့်မယ် နောက်တစ်ခါလမ်းသွားရင်သေချာဂရုစိုက် "

"ငါ့ဟာငါဘာဖြစ်ဖြစ် မင်းအပူမပါဘူး "

"ငါ့အပူပေါ့ကွ ငါကမင်းနဲ့ဘေးချင်းကပ်ထိုင်တဲ့ အတန်းဖော်လေ တတ်နိုင်သလောက် ဂရုစိုက်ပေးရမှာပေါ့"

"ဒီနေ့မှ ပထမဆုံးထိုင်တာတောင် နေ့တစ်ဝက်ပဲရှိသေးတယ် ဘာစကားတွေလာပြောနေတာလဲ"

"ဘယ်တော့စထိုင်ထိုင် တစ်မိနစ်တစ်စက္ကန့်ထိုင်လဲ ငါကမင်းဘေးခုံက အတူထိုင်တဲ့သူပဲ ဒီနေရာကငါပိုင်သွားပြီ"

"မင်းဘာမင်း ဘယ်လိုယူဆဆ ငါတော့သွားပြီ"

"ဟေး....ဆေးလိမ်းဦးလေ..ဘယ်သွားမှာလဲ"

"မင်း..အပူမပါဘူး"

လော်ယွင်ရှီးက Physicsတွက်စာ စာအုပ်ကိုင်ပြီး အတန်း(၃)ဘက်ကိုထွက်သွားတယ်။

သူတို့အခန်းက အခန်း(၅)။ စီနီယာအထက်တန်းဒုတိယနှစ်မှာ အခန်းခွဲက(၈)ခန်းအထိရှိတယ်။ ချန်ဖေးယွီက အခန်း(၈)ကကျောင်းသားဆိုးတစ်ယောက်။ တစ်ကျောင်းလုံးအဆိုးဆုံးဆိုပိုမှန်တယ်။ သူ့နာမည်မေးလိုက်ရင် အခန်းတိုင်း မသိတဲ့သူမရှိဘူး။ ဒီနေ့မှ အခန်း(၅)ကိုပြောင်းလာတဲ့သူ။ လော်ယွင်ရှီးနားထိုင်ချင်ပါသည်ဆိုတော့ ဒီကျောင်းလူဆိုးနဲ့ပတ်သက်ပြီး ဘယ်သူမှပြိုင်မငြင်းရဲကြဘူး။ အဲ့လိုနဲ့ လောယွင်ရှီးဘေးနေရာက အလိုလိုနေရင်းသူ့အပိုင်ဖြစ်သွားရော။

ခဏနေတော့ ရှေ့တန်းကမိန်းခလေးတစ်ယောက် ချန်ဖေးယွီကို လှမ်းပြီးမရဲတရဲ စကားစလာတယ်။

FeiYunxi[OS Collection]Where stories live. Discover now