𝐵𝐸𝐿𝐼𝐸 - 1

42 7 2
                                    

Unicode

" မင်းနာမည်က ချန်ဖေးယွီလား"

လူတစ်ယောက်ကိုအသိမှတ်ပြုရုံတင်တစ်ချက်မော့ကြည့်လာသည့် ထိုလူ့မျက်ဝန်းတွေမှာ ဖော်ရွှေမှုမပါ။

"ထိုင်ပါ"

စားပွဲတစ်ဖက်မှနေရာလွတ်ထံမှေးဆတ်ပြရင်း ထိုင်ခုံကိုလျော့တိလျော့ရဲထိုင်နေပြီး ဖုန်းသုံးနေသည့် ထိုခြေတံရှည်လက်တံရှည်ကောင်လေးက ဂျစ်ကန်ကန်ပုံလေး။ ဂတုံးဆံပင်ပေါက်ပုံစံနှင့် ခပ်တိုတိုထိုးထောင်နေသည့်ဆံသားနက်နက်လေးတွေ။ ဝတ်ဆင်ထားသည့် အပေါ်အောက်အနက်ရောင်ဝတ်စုံက မျက်နှာအမူအရာခပ်အဆိုးဆိုးနှင့် သိပ်ကိုပနံသင့်နေသလို ချောမောခန့်ညားနေသေးသည်။

"ကိုယ်ရေးအချက်အလက်"

"သင်တန်းကပေးတဲ့ထောက်ခံစာ"

"ဆေးစစ်ချက်"

ဘယ်အချိန်ကျောဆန့်လိုက်သည်မသိ။ အတော်လေးကိုရှည်ထွက်နေသေးသည့် ခန္ဓာကိုယ်သည် စားပွဲဘေးတွင်ထောင်ထားသည့် အနက်ရောင်ကျောက်တိုင်တစ်ခုလိုပင်။  ထိုကျောက်တိုင်၏  လက်တံရှည်ရှည်တွေက မိမိထံသို့ စာရွက်စာတမ်းတစ်ခုချင်းစီကို မပစ်ပေးရုံတမယ်။

"အော်ဒါနဲ့..."

စာရွက်စာတမ်းတွေကြည့်နေရင်း ထိုကျောက်တိုင်၏ အသံကြောင့်ခေါင်းတစ်ချက်မော့ကြည့်လိုက်သည်။

"လူပျိူဟုတ်မဟုတ်ရော စစ်ဆေးပြစရာလိုသေးလား"

မထီမဲ့မြင်တစ်ချက်ပြုံးရင်း ရုတ်တရက်မတ်တပ်ရပ်လိုက်သူကြောင့် တော်တော်ပင်မော့၍ကြည့်ယူရသည်။ တော်တော်ကိုရှည်တာပဲ။ ထိုလူအရပ်ကလေ။

"မလို...မလိုပါဘူး"

ပထမဆုံးထွက်သွားရသည့်စကားတွေပင် အထစ်ထစ်အငေါ့ငေါ့။

"ဒါဆိုပြန်တော့မယ်"

ထိုင်ခုံကိုအသံထွက်အောင်ရွေ့လိုက်ပြီး အနက်ရောင်ကုတ်အင်္ကျီကိုကောက်ယူထွက်သွားသည်မှာ လွှားခနဲ လွှားခနဲ။

အပေါက်ဝထိရောက်သွားမှ နောက်ပြန်လှည့်လာရင်း...

"မနက်ဖြန် အလုပ်လာဆင်းမယ်နော်..."

FeiYunxi[OS Collection]Where stories live. Discover now