Unicode
𝐎𝐩𝐩𝐨𝐬𝐢𝐭𝐞 𝐢𝐬 𝐭𝐡𝐞 𝐂𝐥𝐨𝐬𝐞𝐬𝐭....[FeiYunxi]
ပုံပြင်တစ်ပုဒ်လို့ ယူဆချင်လဲယူဆလို့ရတယ်။
ဇာတ်လမ်းတစ်ပုဒ်လို့ သတ်မှတ်ချင်လဲ သတ်မှတ်နိုင်တယ်။
ဒါပေမယ့်..... ဒီချစ်ခြင်းမေတ္တာဟာ အစစ်အမှန်ပဲမို့ မင်းတို့ပြန်ပြောကြတဲ့အခါ ဖြစ်ရပ်မှန်ဆိုတဲ့အကြောင်းလေး ထပ်ပေါင်းပြီး...သေချာမျှဝေစေချင်တယ်...။
-------------
ဖေးယွီ....မင်းလဲသိမှာပါ...
ကမ္ဘာမြေကြီးနဲ့ မိုးကောင်ကင်တောင် မျက်နှာချင်းဆိုင်ရပ်တည်နေကြပေမယ့် ပေါင်းဆုံဖို့ အကြောင်းတရားမရှိကြရှာဘူး..။
ကမ္ဘာမြေကြီးက လွမ်းဆွတ်တဲ့အခါ နေရာဒေသပေါင်းစုံက ရေခိုးရေငွေ့တွေ ပေါင်းဆုံစုစည်းပြီး သဝဏ်လွှာတစ်စောင်ဖန်းဆင်းလို့ မြတ်နိုးရသူ ကောင်းကင်ကြီးဆီ ပေးပို့လိုက်တယ်တဲ့...။
ကောင်းကင်ကြီးကလဲ အသိမှတ်ပြုတဲ့အနေနဲ့ မိုးစက်မိုးပေါက်တွေအဖြစ် သူ့ရဲ့မေတ္တာရှိကြောင်း သက်သေတွေကို ပြန်လည်ပို့ဆောင်တယ်ဆိုပဲ...။
တစ်ချိူ့ ချစ်ခြင်းတရားတွေက နီးခြင်းဝေးခြင်းနဲ့ ကန့်သတ်တားဆီးထားလို့ ရတာမျိူးမဟုတ်ဘူးလေ။
နေမင်းကြီးနဲ့ လမင်းကြီးကိုပဲကြည့် ...မတူညီတဲ့ပတ်လမ်းမှာ လည်ပတ်နေကြပေမယ့် ပူပြင်းတဲ့နေရောင်တွေကို လျော့ပါးစေဖို့ လမင်းကစုတ်ယူပြီးအားလျော့စေချင်သလို ....နေမင်းကလဲ ညအတွက်အလင်းပေးဖို့ သူ့ချစ်သူလမင်းကြီးကို... ပံ့ပိုးချင်ခဲ့မှာပဲ...။
တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မျှဝေနိုင်ခြင်းကတော့ လေးစားစရာချစ်ခြင်းတွေဖြစ်နေတာပဲ မဟုတ်လား။
သေချာကြည့်လိုက်ရင် သူတို့အားလုံးဟာ မတူညီကြပါဘူး။
နေမင်းကြီးနဲ့ လမင်းကြီး....
ထွက်ပေါ်တဲ့မချိန်တွေ မတူညီကြဘူး။
တည်ရှိနေတဲ့ နေရာတွေ သိပ်ကိုဝေးကွာကြတယ်...။
မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီး....
သာယာတဲ့ လောကကမ္ဘာနဲ့ ရှုပ်ထွေးပွေလီပြီး မခန့်မှန်းနိုင်တဲ့ အဖြစ်သနစ် အကြောင်းတရားတွေ စုပေါင်းတည်ရှိရာ...
YOU ARE READING
FeiYunxi[OS Collection]
Fanfiction𝑭𝒆𝒊 𝒀𝒖𝒏𝒙𝒊🐟☁ ♬One shot Collection♪ Sep3 . 2021....