Forever...

159 20 17
                                    

Unicode

"ဝေါ!!...ဝရော!!"

ညအမှောင်ယံတွင် လေပြင်းတိုက်ခတ်သံတွေက ဝင်းထဲရှိ သစ်ပင်အိုကြီးထံမှကျောချမ်းဖွယ်မြည်ဟီးနေသည့်အပြင် အိမ်နံရံကိုပါ ခတ်ကြမ်းကြမ်းရိုက်ခတ်နေကြသည်။ သစ်ကိုင်းလွဲခတ်သံများကလဲ တစ်ဂျစ်ဂျစ်။

နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိတဲ့ ဒီအိမ်အိုကြီးထဲမှာ ကိုကိုရယ်၊ သူရယ် နှစ်ယောက်တည်း။

ကိုကိုက စားပွဲရှေ့မှာထိုင်ပြီး စာရေးနေကာ ရှေ့တည့်တည့်ထိုင်နေတဲ့ သူ့ကိုဂရုမစိုက်။

"ကိုကို!"

ကိုကိုက ခုထိသူ့ကိုလျစ်လျူရှူထားဆဲ။

လေပြင်းတွေအားနည်းသွားတဲ့အချိန် မိုးတွေကသည်းသည်းထန်ထန်ရွာချလာပြန်သည်။

တာဝန်ကိုယ်စီကို နားလည်မှုတွေနဲ့ အလိုက်သင့်လွဲပြောင်းလို့ မင်းတို့သိပ်ပျော်နေကြတယ်ပေါ့။

ကိုကိုရေးနေတဲ့စာရွက်ပေါ်သို့ ရေစက်ရေပေါက်တွေ တစ်စက်စက်ကျပြီး စိုစွတ်ကုန်၏။

ကိုကိုငိုနေတယ်!!

ကိုကိုမျက်ရည်ကျရင် ဒီကောင်ကဘယ်လောက်ရင်နာရမှန်းသိလျက်နဲ့။

"ကိုကို မငိုပါနဲ့!!"

တုန်ယင်နေတဲ့ သူ့လက်တွေနဲ့အလောတကြီးမျက်ရည်သုတ်ပေးမိသည်။ သို့သော် မျက်ရည်တွေက ရပ်တန့်မသွား။ အိမ်အပြင်မှ မိုးထန်ထန်နဲ့အပြိုင် တရဟောကျနေဆဲ။

ကိုကို မငိုနဲ့လေဗျာ!!

ကျွန်တော်ကိုကို့အနားက ဘယ်ကိုမှထွက်မသွားတော့ဘူးလေ မငိုပါနဲ့!!

မငိုပါနဲ့!!

ကိုကိုထပ်ပြီး ငိုရအောင်မလုပ်တော့ဘူးလေ။

ကျွန်တော် ကို့ကို့အနားမှာ အမြဲတမ်းနေသွားတော့မှာလို့!!

ကျွန်တော် ကိုကို့အနားရှိနေရင် မငိုတော့ဘူးဆို!!

ကျွန်တော်ရှိနေပြီလေ...ကိုကို!!

အရူးတစ်ယောက်လို စကားတွေတရစပ်ပြောနေမိသော်လည်း ကိုကိုကတော့မကြား။

FeiYunxi[OS Collection]Where stories live. Discover now