Part 22

450 77 18
                                    

✨နင့်✨

Sooကိုလောကကြီးထဲမှာအချိန်အကြာကြီးနေစေချင်သေးသည်။Sooကိုပျော်ရွှင်စေချင်သည်။

"ဆေးသောက်ရအောင် Soo"

"အင်း. . ."

ဒေါက်တာညွှန်ကြားထားသည့်ဆေးတွေSooပုံမှန်တိုက်ပေးသည်။
ဆေးတွေပုံမှန်သောက်နေပေမဲ့လဲ Sooရောဂါက
သက်သာမသွားသည့်အပြင်ပိုပိုဆိုးနေသည်။

ဦးနှောက်ထဲမှာသွေးကြေဥပုံစံအကြိတ်လေးကပျောက်မသွားသည့်အပြင်
ပိုပြီးကြီးလာတယ်လို့ပဲ ဒေါက်တာကပြောသည်။

အဲ့လိုရောဂါကလူအများစုမှာမှတစ်ယောက်တလေသာဖြစ်တက်သည်တဲ့။
ဖြစ်ဖို့ခဲယဉ်းတဲ့ရောဂါဖြစ်သလိုပျောက်ဖို့လဲခဲယဉ်းသည်။Sooစီကိုမှကံဆိုးစွာအဲ့ဒီရောဂါကကျရောက်လာခဲ့သည်။

"Hyunအလုပ်သွားတော့မှာလား"

"သွားတော့မယ်လေSooရဲ့
သက်သာတယ်မဟုတ်လား"

"သက်သာပါတယ် Sooဘာမှမဖြစ်ပါဘူး
အလုပ်ကအရမ်းပင်ပန်းရင်မလုပ်ပါနဲ့တော့
Sooပါလာတဲ့ငွေနဲ့ပဲစားသောက်ကြတာပေါ့"

"မဟုတ်တာSooရယ်
Sooပိုက်ဆံတွေကို Sooပဲသိမ်းထားပါ
ကိုယ့်သူငယ်ချင်းကိုကျနော်မျိုးရှာကျွေးနိုင်ပါတယ်ဗျ"

"မနောက်နဲ့Hyun
Sooတကယ်ပြောနေတာ"

"တကယ်လဲမပြောနဲ့နှစ်ကယ်လဲမပြောနဲ့
ကိုယ်အလုပ်သွားတော့မယ် အိမ်မှာအေးအေးဆေးဆေးနေနော်
ဘာအလုပ်မှလျှောက်မလုပ်နဲ့ကြားလား"

"အင်းပါ ဒီနေ့မိုးအုံ့တယ်နော်Hyun
စောစောပြန်လာခဲ့"

"ဘာလို့လဲ Soo"

"မိုးရွာရင် Sooကြောက်လို့ပါ"

"အမလေးဗျာ ဟုတ်ပါပြီသတ္တိခဲရယ်"

"ဟီးးဟီးးး"

Sooကိုသတ္တိခဲလိုပြောလိုက်တာကြောင့် သဘောတကျရယ်တော့သည်။
Sooမရယ်တာဘယ်ချိန်ထဲကလဲတော့ Baek Hyun မသိ။
Baekနဲ့အတူရှိချိန်တိုင်း Sooပျော်ရွှင်အောင်ထားချင်သည်။
Sooရယ်မောအောင်လုပ်ပေးချင်သည်။

Sooရယ်နေလျှင် Baek Hyunလဲအလိုလိုပျော်သည်။
Baek Hyunအချစ်ကရယူခြင်းမဟုတ်သလိုပေးဆပ်ခြင်းလဲမဟုတ်။

🌹နင့်🌹နင့်🌹(Completed)Où les histoires vivent. Découvrez maintenant