"ငါမင်းကို အရမ်းမုန်းတယ် ရှောင်ကျန့် မင်းမို့လို့ကိုယ့်အဖေအရွယ်ကို လုပ်ရက်တယ် "
"ဦးဝမ်ရယ် ကျန့်ရှင်းပြတာလေးလဲ နားထောင်ပေးပါအုံးလား"
"ဒီနေကစပြီး မင်းကိုကျောင်းအကြိုအပို့ လုပ်စရာမလိုတော့ဘူး ပြောရရင် မင်းမျက်နှာကိုလေ မြင်ကိုမမြင်ချင်တော့တာ"
"အာဆိုရင် ပါးဝမ်အကြွေးတွေကကော ဘလိုလုပ်မှာ တိုင်လိုက်ရမှာလား"
ရှောင်ကျန့်လည်း မထူးတော့မဲ့အတူတူဆိုပြီး ပြောလိုက်တယ်
🍁 မုန်းချင်မုန်းပါစေ အနားမှာတော့ရှိနေပေးပါဦးဝမ် 🍁
ပါးဝမ်လည်းသားကျန့်က သူကိုကာပြီးပြောပေးနေတာသိတယ် ဒါမယ့် သားဝမ်က အထင်လွဲပြီး သားကျန့်ကို မုန်းသွားပြီ သူလည်းကူပေးလိုက်ပါမယ်လေ ဆိုပြီး
"သားဝမ် သားကျန့်ကိုတော့ စောင့်ရှောက်ပေးလိုက်ပါ ပါးတောင်းဆိုတာပါ "
"ရတယ်ပါး ဒါမယ့်ငါမင်းကို သေအောင်မုန်းတယ်ဆိုတာ တော့သိထား"
"ဦးဝမ် ....ကျန့်ကလေ"
"မခေါ်နဲ့ငါကို စကားလည်းလာမပြောနဲ့ ငါ့ကိုဘာတွေလိမ်အုံးမလို့လဲ"
"မဟုပါဘူး...ကျန့်က"
"တော်ပြီ ..ဆက်မပြောနဲ့ ပါးကျွန်တော်ပြန်တော့မယ်"
"သားကျန့်ကိုကော အိမ်ဝင်ပို့ခဲ့လေ "
"အင်း သွားမယ်"
"ဟုတ်ကဲ့ "
အရင်ကဆို ကားပေါ်မှာ ပူညံပူညံလုပ်သံလေးတွေ နားငြီးလို့ ဆူသံလေးတွေက တိတ်သွားခဲ့လေပြီ
'ဦးဝမ် ကျန့်လေ ဦးဝမ်ရဲ့အမုန်းတွေကို ခံနိုင်ပါ့မလား ကိုယ်မဟုတ်ပဲ အစွပ်စွဲခံပြီး အမုန်းခံရလောက်တဲ့ထိ ဦးဝမ်ကို ကျွန်တော်က ချစ်တာ
ကျန့်လေ ဦးဝမ်ကို အရမ်းချစ်တယ် မုန်းနေတာကိုသိပေမယ့်လေ ဖွင့်ပြောလိုက်ရင် ဦးဝမ်ကျွန်တော့်အနားက ထွက်သွားမှာလား လာမယ် ဆယ်လပိုင်းငါးရက်နေ့ဆိုရင်လေ ကျန့်ငယ်မွေးနေ့ရောက်ပြီ အဲ့နေ့ကြရင် ဦးဝမ်ကို ဖွင့်ပြောမယ် ကျွန်တော့ကိုလေ ပစ်ပစ်ခါခါကြီးတော့ မငြင်းထုပ်လိုက်ပါနဲ့နော် '
ВЫ ЧИТАЕТЕ
ဦးရဲ့အချစ်ကျေးကျွန် (Completed)
ФанфикшнINTRO_👑👑 ဝမ်ရိပေါ်💚_တောင်းပန်ပါတယ်ကျန့်ငယ် ပြန်လာခဲ့ပေးပါ အရင်ကလိုလုံးဝ တွန်းမထုတ်တော့ပါဘူး ကိုယ်ကအရမ်းချစ်တာလေ ဒီတစ်ခေါက်ပဲအခွင့်အရေးပေးပါ တကယ်ကိုယ့်အသက်ထက်ချစ်ပေးပါ့မယ် နောက်တစ်ခေါက်လုံးမလိမ်တော့ပါဘူး ကိုယ်တောင်းပန်ပါတယ်ကျန့်ငယ်ရယ်🥀 ရှောင်ကျန...
