🌼24🌼

397 62 10
                                    

Unicode :

" ဟိုဆော့ Hyung....."
" အော် ဂျောင်ဂုဂီပြောလေ ...."
" သူတကယ်အဆင်ပြေနေပီလား ဟင် "

သူဆိုတာဂျီမင်းကိုဆိုလိုတာမှန်းဟိုဆော့သိလိုက်ပါပီ

" ဂျောင်ဂု Hyung ပြောပြပီးသားလေ သူတို့နှစ်ယောက်အဆင်ပြေပါတယ် သူအဆင်ပြေတာမဟုတ်ဘူး ...."

" ကျွန်တော်...အဆင်ပြေပါတယ် သူပျော်နေရင်ပေါ့ ဘယ်လိုပဲဖြစ်ဖြစ် ထယ်ယောင်း Hyung နဲ့လဲကျွန်တော်တွေ့ဖူးနေတာပဲ သူကကျွန်တော့အကိုလိုပဲလေ "

" ထယ်ယောင်းကို အကိုတစ်ယောက်လိုသဘောထားရင် ဂျီမင်းကိုပဲ အကိုလိုသဘောထားပါ ဂျောင်ကုလေးကလိမ်မာပါတယ် .....အဆင်ပြေသွားးလိမ့်မယ် Hyung ယုံတယ် "

" စိတ်ချပါဗျာ ဟုတ်ပီလား ကျွန်တော် Hyung တွေအားလုံးကိုချစ်တာမို့ Hyung တွေစိတ်ချမ်းသာရင်ကျေနပ်ပီးသားပဲ "

Hyung တွေဆိုတာ ‌ထယ်ယောင်းနဲ့ဂျီမင်းပါ ပါကြောင်းသူသိတာကြောင့် စိတ်ချသွားပါပီ မဟုတ်ရင် ဒီကောင်လေးကိုနာကျင်စေအုန်းမယ် ခဏတာတွေကအမှတ်မထင်တသက်တာတွေဖြစ်သွားတက်လို့ပေါ့.......

ဟိုဆော့ ဂျောင်ဂု ပုခုံးလေးကိုကိုင်ကာ အကိုကြီးတစ်ယောက်ရဲ့နွေးထွေးတဲ့အပြုံးနဲ့ နှစ်သိမ့်လိုက်သည်။

" အချစ်ရေ...ကိုယ့်ရဲ့ ဖုန်းတွေ့မိသေးလား "

နမ်ဂျွန်းနက်ကတိုင်ပြင်နေရင်းတန်းလန်းနဲ့ အောက်ထပ်ကိုဆင်းလာကာ ဆော့ဂျင်ကိုလိုက်ရှာနေချငိးဖြစ်သည်။

" အောဟော ငါဒီမှာ ကင်ချီးထမင်းကြော်မလို့ မင်းဘာသာတွေ့အောင်ရှာပါအုန်းလား တစ်ခါတလေ "

" ကိုယ်မတွေ့လို့လေ ဘယ်ရောက်နေလဲမသိဘူး...."

တင်းတောင် ....( တံခါးဘဲဘ်သံ )

" အောဟောစော‌စောစီးစီးဘယ်သူ‌တုန်း ကိုယ်နမ်ဂျွန်သွားဖွင့်ပေးလိုက်အုန်း ဒီမှာတန်းလန်းကြီးမို့ "

နမ်ဂျွန် နက်ကတိုင်ကိုသေချာပြင်ပီးတော့ အိပ်ရှေ့ကိုသွားကာ တံခါးဖွင့်လိုက်တော့

" ဟေ့ကောင်နမ်ဂျွန်ကြာလိုက်တာ ကွာ ...."

နမ်ဂျွန်ရဲ့မိဘတွေရောက်လာကြခြင်း

Love Is Gray ( Completed )Where stories live. Discover now