🌼9🌼

352 67 3
                                    

တိမ်တိုက်တွေကြားရောက်နေတာလား.......

မြူခိုတွေများလွန်းတယ် အချစ်ရယ်...........

ကိုယ်မင်းကို လိုက်ရှာလို့‌မတွေ့နိုင်ဘူး...........

ဘယ်မှာလဲ မင်းဘယ်‌မှာ ချစ်ရသူရယ် ..........

ကိုယ့်စီလာခဲ့ပါကွာ ..............

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

" ထယ်ယောင်း သတိထားပါအုန်း ၊ ဂျီမင်း ......ဂျီမင်းသတိမလွတ်သွားစေနဲ့လေကွာမင်းတို့ကွာ..."

ဟိုဆော့သည် လမ်းမထပ်မှာ လက်တွေကိုတင်းကျပ်စွာ ကိုင်ထားတာမေ့မျောနေတဲ့ သူနှစ်ယောက်ကိုကြည့်ရင်း ရင်တွေကြေကွဲနေရပါပီ .....

မကြာခင်မှာပင်လူနာတင်ယဉ်ရောက်လာတော့ အလောတကြီး ‌ထယ်ယောင်းကိုအရင် တင်ရန်မတော့ လက်သည် ဂျိမင်းအား မြဲမြန်စွာ ကိုင်ထားသည် လုံး၀မလွတ်ကျသွားသည့်အတွက် နှစ်ယောက်လုံးကိုအတူတူပင်တင်ကာ အမြန်ခေါ်ဆောင်သွားရသည်။

ဆေးရုံရောက်တော့ လက်တွေကိုမဖြုတ်လဲမရတော့တာကြောင့်ဆရာ၀န်တွေသည် လက်တွေကို အတင်းဆွဲဖြုတ်ခဲ့တာကြောင့် ချစ်ရသူနှစ်ယောက်သည် ဝေးမကွာသွားစေရန် လုပ်ထားသော ချည်နှောင်မူ့လေးသည်ပျက်ပြားသွားခဲ့‌တယ်.............

ထယ်ယောင်းကိုခွဲခန်းစီသို့ခေါ်သွားတာဂျီမင်းကိုတော့ လူနာဆောင်သို့သာအနားယူစေရန်ခေါ်ဆောင်သွားကြတော့ မှဟိုဆော့သည်နံရံကိုပင်မှီချကာဒီတိုင်းပင်ထိုင်ချမိ‌လိုက်တော့သည်။။။

မနက်ကထယ်ယောင်းကိုစာပို့ပီးမကြာသေးမှာပင် ဂျီမင်းစီက စာ၀င်လာခဲ့တယ် သူ့ကို‌ဖြစ်ကြောင်းကုန်စင်ပြောပြပါတဲ့ သူအားလုံးသိပီးပီမို့ညနေထယ်ယောင်းကိုဘယ်ခေါ်တာလဲမေးတော့

ကိုယ်လဲအကြောင်းဆုံပြောပြလိုက်တော့ ညနေ့ကျသူနဲ့အတူအဲ့နေရာကိုလိုက်ခဲ့ပေးဖို့တောင်းဆိုတယ် ယောင်း ကိုတော့မပြောပါနဲ့တဲ့.........

ဒါကြောင့်ညနေကျ ဘူဆန်ဘက်ကိုသွားစရာရှိတယ်ဆိုပီးလိမ်ခဲ့ရတယ် အခုတော့ အစထဲက ငါမင်းနဲ့လိုက်ခဲ့သည့်တာ ငါလိုက်ခဲ့သည့်ဝာာထယ်ယောင်းရယ် Hyung ကိုခွင့်လွတ်ပါကွာ ......

Love Is Gray ( Completed )Onde histórias criam vida. Descubra agora