🌼17🌼

349 66 9
                                    

Unicode :

တောင်ပေါ်ဒေသမို့ ကားသံတွေလူသံတွေအစား ကျေးငှက်သံလေးတွေသာနားထဲတိုးဝင်လာခဲ့တယ်......

" အကိုလေးဂျီမင်း...ထတော့လေနေထိုးနေပီး အကိုလေး.."

" 5မိနစ်ပဲကွာ နေအုန်း "

" အကိုလေးထယ်ယောင်းတောင်ခြံထဲဆင်းသွားပီ ထတော့လို့ ကျွန်တော်အိပ်ရာတွေခေါက်သိမ်းရအုန်းမယ် "

" ထပီးကွာထပီ မင်းတကယ်ပဲ ..."

ဂျီမင်းပေကပ်ကပ်အိပ်နေမဲ့အစီအစဉ်ကတော့ ပျက်ချေပီတကယ်တော့သူအိပ်မပြန်ချင်သေးလို့တမင်ညဏ်ဆင်နေချင်းသာဖြစ်သည်။

ခလေးမမည်သော ခလေးကြီးသည် ခြေထောက်ကိုဆောင့်ကာ လူပုစိတ်တိုလေးသဖွယ်ရေချိုးခန်းထဲသို့၀င်သွားလေတော့မှ ဂျီယောင်းလဲ သိမ်းစရာရှိတာသိမ်းရတော့သည်။

ထယ်ယောင်း စောစောစီးစီ ရင်ခွင်ထဲအတင်းတိုးကာခိုကပ်နေသော သူချစ်ရသူလေးကြောင့် နိုးရချေပီ သူလေးကအေးနေသည်ထင်တယ်စောင်ကိုကန်ချထားတာ ကုတင်အောက်တောင်ရောက‌်နေပီမို့ သူကပဲသူ့စောင်ကို ယူခြုံးပေးနေချိန်

" ဒေါက်ဒေါက်ဒေါက် အကိုလေးယောင်းနိုး‌ပီးလား "

" ဂျီယောင်းရတယ်၀င်ခဲ့ "

ဂျီယောင်းအခန်းထဲ၀င်လာတာနဲ့ အသံတိုးတိုးလုပ်ရန်အချက်‌ပေးလိုက်သည် ။

" အကို့ကိုထူပေးအုန်း "
" ဟုတ်အကိုလေး "

ဂျီယောင်းအကူအညီနဲ့သူမနက်ပိုင်းလုပ်စရာရှိတာအကုန်လုပ်ပီးခြံထဲသို့ မနက်ပိုင်းလေရူရန်ထွက်လာခဲ့သည် အော်မမေ့မလျော့

" 8.00 နာရီထိုးရင်နိုးလိုက်တော့နော် သူအရမ်းအကြာကြီးပေအိပ်နေရင်ခေါင်းကိုက်လိမ့်မယ် " ဟုဂျီယောင်းကိုမှာခဲ့‌သေးသည်။

သူချယ်ရီခြံထဲမှာ ထိုင်နေတုန်း အကျီအတွင်းအိတ်ထဲမှတုန်ခါလာသော ဖုန်းလေးကြောင့်

ထုတ်ယူကာကြည့်လိုက်တော့ ဟိုဆော့ Hyungခေါ်နေချင်း

" ပြောလေ ဟိုဆော့ Hyung "

" ထယ်ယောင်းနားငါ...ငါ.....တောင်းပန်ပါတယ် နမ်ဂျွန်ကလဲသူကောင်လေးကိုမတရားနိုင်ခဲ့ဘူး "

Love Is Gray ( Completed )Where stories live. Discover now