𝐏 9

286 32 1
                                    

HY Company မှထွက်လာသောအချိန်တွင်......

"Hello......JiJi" Jenငိုချင်နေတာကိုအောင့်ထားသော်လည်း....ဖုန်းပြောသည့်အသံထဲတွင်ငိုသံအနည်းငယ်ပါသွားးသောကြောင့်

"Jenn....အဆင်ပြေရဲ့လား......Jenအခုဘယ်မှာလဲ..ကိုယ်လာခေါ်မယ်...."
Jisooရဲ့အသံကစိတ်ပူမှုတွေနဲ့ပြည့်နှက်နေသောကြောင့်......
"JiJi..အရမ်းစိတ်မပူပါနဲ့....Jenအဆင်ပြေပါတယ်....ဟိုခေါင်းလေးနည်းနည်းကိုက်နေလို့ပါ..."
"Jen....အရှေ့ကိုကြည့်လိုက်...."

Jen...ကြောင်သွားပြီး....Jisooပြောသလိုကြည့်လိုက်တော့....သူမနဲ့မလှမ်းမကမ်းမှာရပ်နေသောJisoo......

ဖုန်းကိုချလိုက်ကာ.....
"JiJiဘယ်အချိန်ကတည်း..က"
"ကိုယ့်ကိုအာပါးခေါ်ထားလို့...လာတာ...Jenကရော..ဒီကို.....မဟုတ်မှလွဲရော...ဟိုကိစ္စ"
"အွန်း....Ji....Jenကို JiJiနဲ့မပတ်သက်ဖို့ခေါ်ပြောတာ.."မျက်လွှာလေးအောက်ချကာပြောနေသာJenကြောင့်....သူမရဲ့အနားကိုကပ်ကာ...
"Jenဘာမှစိတ်မပူနဲ့နော်...ကိုယ်Jenကိုဘယ်တော့မှလက်မလွှတ်ဘူး..."Jenရဲ့ပုခုံးလေးနှစ်ဖက်ကိုကိုင်ပြီးပြောနေသည်.....
"Jen...က..JiJiနဲ့....မ...ထိုက်..တန်...ဘူးတဲ့"ပြောနေရင်းနဲ့မျက်ရည်တွေကျလာသောJen....
JisooကJennieရဲ့ကိုယ်လေးကိုသူမရဲ့ရင်ခွင်ထဲသို့ဆွဲသွင်းပြီး.......
"Jen...ရာ....ဘာလို့မထိုက်တန်ရမှာလဲ...Jenလိုဒီလောက်ချစ်စရာကောင်းပြီး...စိတ်ထားနူးညံ့တဲ့ကောင်မလေးတစ်ယောက်ကဘာလို့ကိုယ်နဲ့မထိုက်တန်ရမှာလဲ.....တကယ်က....ကိုယ်ကမှJenနဲ့ပိုတောင်မထိုက်တန်သေးတယ်...."
"အမ်...ဘာလို့လဲ"ရင်ခွင်ထဲမှခေါင်းလေးထောင်ကြည့်ကာလှမ်းမေးလိုက်သည်......
"ကိုယ်ကအရင်ကသူများတွေကိုအနိုင်ကျင့်တယ်လေ.....စိတ်မကြည်ရင်မကြည်သလိုဆက်ဆံတတ်တဲ့.....ခုလိုပြောင်းလဲလာတာကလည်းJenနဲ့တွေ့မှလေ.....Jenကကိုယ့်ကိုဒီလိုမျိုးလူကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပေးခဲ့တာပေါ့...."

"Jenဘာမှမလုပ်ပေးရပါဘူး.."ဆူပုတ်ပုတ်လေးဖြင့်ပြောလိုက်သောကြောင့်
"Haha.....ကိုယ်ကJenရှေ့မှာအမှတ်ပိုရချင်လို့လူကောင်းလိုနေလိုက်တာပါ...Jenကြွေသွားတာမှတ်လားအဲ့ဒါကိုဘဲ"ပြောင်စပ်စပ်ဖြင့်ပြောလိုက်သောကြောင့်......
"ဟွန့်...."
"ကဲပါ....မငိုနဲ့တော့နော်...ပေါက်ကရတွေလည်းမစဥ်းစားနဲ့တော့...ကိုယ်Jenကိုအရမ်းချစ်တယ်....အဲ့တာအမှန်တရားဘဲ....ဘယ်တော့မှလည်းမပြောင်းလဲသွားဘူး....ခုတော့ပြန်ရအောင်..."
"အွန်း...."
"Jen...ခဏစောင့်ကိုယ်ကားသွားယူလိုက်မယ်.....ဒီနားမှာဘဲစောင့်နေနော်...."
"ဟားဟား....ဟုတ်ပါပြီ....သွားသွား..."

𝑌𝑜𝑢 𝐵𝑒𝑙𝑜𝑛𝑔 𝑊𝑖𝑡ℎ 𝑀𝑒💞🌈Where stories live. Discover now