Jisooကျောင်းကပြန်ရောက်တော့.....
"မမလေးJisooဒီနေ့အစောကြီးပြန်ရောက်တယ်နော်"
"ဟုတ်တယ်...အိမ်တော်ထိန်းကြီးရေဘာချက်လဲSooဗိုက်ဆာနေပြီ"
မီးဖိုခန်းဘဲတစ်ချက်ကြည့်ကာပြောလိုက်သောကြောင့်
"Aww...ဒီနေ့ပဲပင်ပေါက်ဟင်းချို...ငါးအသားလုံးကြော်နဲ့မမလေးအကြိုက်...ကြက်ကြော်ကြော်ပေးထါးတယ်Colaနဲ့"
"အိမ်တော်ထိန်းကြီးကတော့...Sooအကြိုက်တောင်သိနေပြီ...ကျေးဇူးပါ..Sooခဏနေရေချိုးပြီးဆင်းခဲ့မယ်..."
အိမ်တော်ထိန်းကင်ရဲ့ပုခုံးလေးကိုပုတ်ကာပြောပြီးအပေါ်ထပ်တက်သွားသည်......Jisooညစာစားနေတုန်း...Yeonပြန်ရောက်လာသည်....
"ဟာ...မမလေး Yeonတောင်ပြန်ရောက်ပြီ....တစ်ခါတည်းစားလိုက်ပါလားအာဂျီးမားပြင်လိုက်မယ်..."
"ဟို...ရပါတယ်...Yeonအိမ်စာလုပ်ပြီးမှဘဲစားလိုက်တော့မယ်..."
"မမလေးသဘောပါ"
Yeonအပေါ်ထပ်တက်သွားတော့အိမ်တော်ထိန်းကင်က....
"မမလေးသိလား....မမလေးYeonကမနေ့က...မမလေးကိုမအိပ်ဘဲထိုင်စောင့်နေတာ.....မမလေးကိုတော်တော်လေးခင်တွယ်တဲ့ပုံဘဲ...."
"အဲ့လိုမဟုတ်ဘဲတခြားအကြောင်းရှိလို့နေမှာပေါ့...ဟွန့်.."ကြက်ကြော်ကိုက်ရင်းမဲ့ပြုံးပြုံးကာပြန်ဖြေလိုက်သည်....
အိမ်တော်ထိန်းကင်လည်းဘာမှဆက်မပြောတော့ဘဲလုပ်စရာရှိတဲ့အလုပ်တွေသာဆက်လုပ်နေလိုက်သည်....Sooညစာစားပြီးအပေါ်ထပ်သို့တက်လာချိန်...Yeonအခန်းထဲမှရှိုက်သံတချို့ကြားလိုက်ရသောကြောင့်....သူမရဲ့အခန်းရှေ့ကိုသွားကာ....တံခါးခေါက်မည်အလုပ်
"နေပါဦးငါကဘာလို့သူ့ကိုစိတ်ပူနေရတာလဲ....သူ့ဟာသာဘာဖြစ်ဖြစ်ပေါ့..."(စိတ်ထဲကပြောနေသည်) "ဟာ...မဖြစ်သေးပါဘူး...."ဟုဆိုပြီး
Yeonရဲ့အခန်းတံခါးကိုခေါက်လိုက်ကာ.....
"Lee Da Yeon....အဆင်ပြေရဲ့လား...."အတော်အတန်ကြာဘာအသံမှမကြားရ၍အခန်းထဲသို့ဝင်လိုက်ချိန်ကြမ်းပြင်ပေါ်မှာလဲကျနေသောYeonကိုတွေ့၍....ပြေးသွားကာ...
"Yeon...အဆင်ပြေရဲ့လား....Da Yeonနား....အဆင်ပြေရဲ့လား"
ကုတင်ပေါ်မတင်ကာ....အောက်ထပ်အမြန်ဆင်းပြီး....
"အာဂျီးမား...အာဂျီးမား..."
"မမလေးဘာဖြစ်လို့လဲ"
"Yeon..Yeonမေ့လဲနေလို့...ဆရာဝန်က်ုဖုန်း...ဖုန်း..."ပျာပျာသလဲဖြစ်ပြီးအလွန်စိတ်ပူနေသောSoo...
"ဖုန်းဆက်လိုက်မယ်...မမလေးစိတ်မပူနဲ့တော့နော်...."
ဖုန်းဆက်ပြီးမကြာဆရာဝန်ရောက်လာသည်.....