မနက်ခင်းလေအေးလေးတွေကပြတင်းပေါက်ကိုကျော်လွန်၍ဖွေးဥနေေသာမျက်နှာလေးကိုလာရိုက်ခတ်နေသောကြောင့် jiminတစ်ယောက် နိုးလာခဲ့သည်
သာယာနေသောရာသီဥတုလေးကိုခံစားချင်၍ကုတင်မှထလာကာ ပြတင်းပေါက်ဆီသို့ခြေလှမ်းများဖြေးဖြေးချင်းလှမ်းလာခဲ့သည်....
Jimin- ဆောင်းရာသီတောင်ရောက်ပြီပဲ
လေအေးနဲ့အပြိုင်ပန်းနုရောင်သန်းနေသောနှုတ်ခမ်းလေးမှဖွဖွလေးတီးတိုးရေရွတ်မိသည် အရင်တုန်းကအတိုင်းပဲမောင့်ကိုလွမ်းနေမိသည်
Jm- ဒီအချိန်ဆိုမောင်ရောဘာလုပ်နေမလဲ...min ကိုရောလွမ်းနေမှာလား...
မျက်နှာကိုခက်ယဲ့ယဲ့ပြုံးပြီးပြာလဲ့နေသောကောင်းကင်ကြီးကိုငေးကာမေးမိသည်
မောင်ဆိုသောလူသားလေးများသူတစ်ချိန်ကသိပ်ချစ်ခဲ့ရသော jeon jungkookဆိုသောလူသားလေးတစ်ဦးပင်....
----------
လွန်ခဲ့သော၅နှစ်.....
Tae- အန်တီ jiminရှိလားဗျ သားကျောင်းသွားဖို့လာခေါ်တာပါ
Jm's mom- ရေချိုးနေတုန်းထင်တယ် အပေါ်တက်သွားလိုက်လေ အန်တီ မနက်စာပြင်ထားပေးမယ်
Tae- ဟုတ်အန်တီ
Taehyung လည်းအပေါ်ထပ်သို့ထပ်လာချိန် အခန်းထဲမှjiminလည်းပြင်ဆင်ပြီးထွက်လာခဲ့သည်
Jm- မင်းရောက်နေပြီလား
Tae- မင်းကိုလာခေါ်တာလေ အန်တီကမင်းရေချိုးနေတယ်ထင်ပြီးလာခေါ်ခိုင်းလို့
Jm- ငါလည်းစောစောနိုးနေတာနဲ့ ကြိုပြင်ထားလိုက်တာ မင်းစောင့်နေရမှာစိုးလို့
Tae- အဲ့လိုအသိမျိုးနေတိုင်းရှိရင် ကောင်းမယ်
Jm- ဟီး...
Taehyung သည်သူနဲ့မူလတန်းထဲကသူငယ်ချင်းဖြစ်သည် သူတို့ကြားလျှို့ဝှက်ချက်ဆိုတာမရှိခဲ့ပါ သူ့အပေါ်နွေးထွေးမှုပေးသောသူတစ်ယောက်ဖြစ်လို့ Taehyung ကိုသူသံယောဇဥ်ရှိသည်
မနက်စာစားသောက်ပြီးနှစ်ယောက်သားကျောင်းသို့ထွက်လာခဲ့သည် အချိန်လည်းစောနေတာကြောင့်ကန်တင်းသွားဖို့သူငယ်ချင်းနှစ်ယောက်သဘောတူခဲ့ကြသည်
YOU ARE READING
နှလုံးသား၏စေလိုရာ (Complete)
Fantasyအမုန်းကနေတစ်ဆင့်အချစ်.. အချစ်ကနေတစ်ဆင့်သံယောဇဥ်... နှစ်ယောက်လုံးနက်ရှိုင်းစွာချစ်လာမှဝေးကွာခဲ့ရသည့်အခါကံတရားကိုပဲအပြစ်ပုံချမိခဲ့လေတော့သည်.....