Part 11

1.1K 120 3
                                    

ရန်ဖြစ်နေတာကြည့်ပြီးTaehyungတစ်ယောက်ခိုးပြုံးမိသည် ချစ်ရဲ့သားနဲ့မာနရှေ့တန်းတင်ကာတစ်ယောက်နဲ့တစ်ယောက်အရှုံးမပေးနိုင်ဖြစ်နေကြသည်

အချစ်ကသိပ်လည်းကျီစားတတ်ပါတယ်လေ တစ်ယောက်နဲ့တစ်ယောက်ချစ်ပါလျက်ရဲ့အထင်အမြင်တွေလွဲနေတာဒီနေ့တော့ဖြေရှင်းနိုင်ပါစေလို့ဆုတောင်းမိတယ်

မပြီးနိုင်မစီးအ​ခြေအနေတွင်သူမနေချင်တော့ပါ သမီးရည်းစားကြားထဲသူကကန့်လန့်ဖြစ်နေသလိုပင်

Jm- နားမလည်ရင်လည်းနားမလည်သလိုနေ

Jk- နားလည်အောင်ပြောမှနားလည်မှာပေါ့

စကားဝိုင်းကအခြေအနေဆိုးလာတာကြောင့်Taehyungတစ်ယောက်မသိမသာHoseok hyungဆီMessageခိုးပို့နေမိသည်

ခဏအကြာHoseok hyungလည်းရောက်လာသည်

Hb- ယောင်းငယ်..အာ..

စိတ်ပူတာကြောင့်ရုတ်တရက်အမြန်ပြေးဝင်လိုက်တာကြောင့်jiminရဲ့အပေါ်ပိုင်းဗလာကိုမြင်မိသွားသည် ဘေးကိုကြည့်တော့Taehyungကငုတ်တုတ်လေး

Hb- ရန်ဖြစ်လည်းအဝတ်လေးဘာလေးဝတ် ယောင်းငယ် မင်းကရောဘာလို့ကြည့်နေရတာလဲ

Tae- ယောင်းကငယ်ငယ်လေးကမြင်ဖူးနေကြလေ မဆန်းတော့ဘူး

Hb- တော်တော့ အခုကိုယ်ရှိနေပြီ အဲ့တာတွေမကြည့်ရဘူး သွားမယ်

လက်ကိုဆွဲခေါ်သွားကာဆူပူနေတာကြောင့်Taehyungလည်းအချွဲလေးနဲ့ကပ်လိုက်သွားသည် အခုတော့အခန်းထဲသူတို့နှသ်ယောက်ထဲသာကျန်ခဲ့သည်

Jk- အဝတ်အရင်ဝတ် အအေးပတ်မယ်

Jiminလည်းမျက်စောင်းထိုးကာဗီဒိုထဲတွင်အပေါ်ယံတင်ထားသောအဝတ်ကိုယူကာဝတ်လိုက်သည်

Jm- မင်းရောမပြန်ဘူးလား?

Jk- ခုနကဟာတွေရှင်း

Jm- မင်းကိုဘာလို့ရှင်းပြရမှာလဲ?

Jk- မရှင်းပြရင်မသိဘူးနိုင်ဘူးလေ ထွက်သွားမယ်ဆိုတာရောဘယ်ကိုလဲ?

Jm- မင်းနဲ့ထပ်မတွေ့ချင်တော့လို့ သွားတာလေ မင်းကိုငါကနေရာပြောပြနေရမှာလား?

နှလုံးသား၏စေလိုရာ (Complete)Место, где живут истории. Откройте их для себя