Part 9

1K 115 4
                                    

ညသန်းခေါင်ကျော်ထိjiminတစ်ယောက်အိပ်မပျော်ခဲ့ပါ

မသွားခင်jungkookကိုပြောသွားရမလားမပြောပဲသွားလိုက်တာပိုကောင်းမလားဆိုတာကိုတွေးနေမိသည်

Tae- မအိပ်သေးဘူးလား?

Jm- ငါ့ကြောင့်နိုးသွားတာလား?

Tae- မဟုတ်ပါဘူး ငါရေဆာလာလို့

Jm- အင်း...

Tae- မင်းဘာစဥ်းစားနေလဲငါသိတယ်

ရေခွက်ကိုကိုင်ကာအိပ်ယာအစွန်းတွင်ထိုင်ချပြီး လှမ်းပြောလိုက်သည်

Jm- ငါပြောသွားရမလား? မပြောပဲသွားရမလားစဥ်းစားနေတာ

Tae- ငါကတော့ပြောသွားတာပိုကောင်းမယ်လို့ထင်တယ်

Jm- ဘာလို့လဲ?

Tae- မင်းသွားပြီးရင် ဘယ်ချိန်ပြန်လာမှာလဲ ကျောင်းပြီးတာနဲ့ပြန်လာမှာလား?

Jm- မသိသေးဘူး..ဒါပေမဲ့မာမီကဒီမှာကျန်ခဲ့ရင်တော့ ဟိုမှာ ၅နှစ်လောက်ပဲနေမယ်

Tae- ၅နှစ်? ၅နှစ်တောင်

Jm- ဟိုမှာအခြေကျတာနဲ့မာမီကိုငါလာခေါ်မှာပါ ငါဟိုရောက်နေတဲ့အချိန်တော့မင်းဆီကိုအပ်ထားပါရစေ

Tae- တစ်သက်လုံးဆိုရင်တောင်ခေါ်ထားလို်ရပါတယ်ကွာ မင်းနဲ့ငါနဲ့ကြားမှာပြောစရာကိုမလိုတာ

Jm- ခုနကဘာလို့ငါ့ကိုပြောသွားစေချင်တာလဲ?

Tae- မင်းသွားမဲ့နှစ်ကနည်းတာမှမဟုတ်တာ အနည်းဆုံးသူလက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ မင်းခံစားချက်တော့ပြောသွားသင့်တယ်

Jm- ငါစဥ်းစားပါရစေ ငါသူ့ကောင်မလေနဲ့ပြဿနာမတတ်ချင်တော့ဘူး

Tae- ဘယ်လို? သူ့ကောင်မလေးနဲ့ပြဿနာတတ်ဖူးတာလား?

Jm- မင်းတို့်ကတော့ဟိုတစ်ခါနမ်းလိုက်တာကြောင့်လို့ထင်နေမှာပဲ တကယ်တော့တစ်ခြားကြောင့်....

Tae- မင်းငါ့ကိုသူငယ်ချင်းလို့ရောသတ်မှတ်ရဲ့လား?ဘာလို့အဲ့လောက်ထိကြိတ်ခံစားနေရတာလဲ?

Jiminလည်းTaehyungပြောသမျှခေါင်းငုံ့ခံရုံကလွဲလို့ဘာမှမတတ်နိုင်တော့ပါ

နှလုံးသား၏စေလိုရာ (Complete)Où les histoires vivent. Découvrez maintenant