Part 10

1.1K 119 1
                                    

ဒီနေ့ရာသီဥတုသာယာမို့လို့Taehyungတစ်ယောက်အစောကြီးနိုးနေသည် Jiminအခန်းထဲဝင်ကြည့်တော့အိပ်နေဆဲဖြစ်တာကြောင့်အိမ်အောက်ထပ်သို့ဆင်းလာခဲ့လိုက်သည်

ဘယ်ချိန်မှအိပ်ယာဝင်လဲမသိသောသူ့သူငယ်ချင်းလေးကိုမနိုးရက်ခဲ့ပါ တစ်ယောက်ထဲခံစားခဲ့ရတာတွေကိုပြောပြပြီးကလေးတစ်ယောက်ကိုငိုကြွေးနေတာကိုမြင်ပြီးစိတ်မကောင်းဖြစ်မိသည်

အိမ်အောက်သို့ဆင်းလာချိန်မီးဖိုခန်းထဲတွင်အလုပ်ရှုတ်နေသောJimin၏အမေ..

ငယ်ငယ်ထဲကအမေတစ်ယောက်လိုပဲခင်တွယ်လာတာကြောင့်အန်တီလို့ပင်မခေါ်ဖြစ်တော့ပါ

Tae- မာမီ...

Jm's mom- Taeလေး နိုးပြီလား

Tae- ဟုတ် မာမီဘာလုပ်နေတာလဲ သားကူညီပေးမယ်လေ

Jm's mom- ရပါတယ်ကွယ် မာမီပြီးတော့မှာ

Tae- jiminကအိပ်နေတုန်းမို့လို့ သားမနှိုးလိုက်ဘူး သွားနှိုးလိုက်ရမလား?

Jm's mom- မနှိုးနဲ့ဦး.. ဒီမှာလာထိုင်ဦးTaeလေးကိုမေးစရာတွေရှိတယ်

Tae- ဟုတ်

Jm's mom- သားသူငယ်ချင်းဒီရက်ပိုင်းဘာဖြစ်နေတာလဲသိလား

Tae-ဗျာ...

Taehyung မျက်နှာပျက်သွားတာကိုသူသတိထားမိလိုက်သည် တစ်ခုခုတော့ရှိနေတာသေချာနေပါပြီ

Jiminကသားအရင်းဆိုပေမဲ့ခံစားချက်ကိုမခန့်မှန်းမိနိုင်လောက်အောင်မြိုသိပ်တတ်သည်

Taehyung ကတော့အဲ့လိုမဟုတ် သူ့သားမဟုတ်ပေမဲ့သားအရင်းလိုဖြစ်နေတာကြောင့်ဒီကလေးနှစ်ယောက်မျက်နှာအနေအထားကိုကြည့်တာနဲ့တစ်ခုခုရှိနေပြီဆိုတာတန်းသိသည်

Jiminကိုမေးမရသည့်အဆုံးTaeလေးကိုမေးတော့လည်းသိပ်မဖြေချင်တဲ့ပုံ..

ဒါပေမဲ့လည်းမိခင်တစ်ယောက်အနေနဲ့တော့ရုတ်တရက်ကြီးနိုင်ငံခြားသွားမယ်ပြောပြီးအိပ်ခန်းအောင်းနေတဲ့သားကိုဒီတိုင်းဆက်မကြည့်နိုင်တော့ပါ

Jm's mom- Taeလေး မာမီကိုမှန်မှန်ပြောJiminတစ်ခုခုဖြစ်နေတယ်မလား?မာမီကိုနှစ်ယောက်လုံးလိမ်လို့မရဘူးဆိုတာသိတယ်နော် Taeကလည်းမာမီ့သားအရင်းလိုပဲအဲ့တာကြောင့်သားတို့နဲ့ပတ်သက်ပြီးသိမှဖြစ်မယ်

နှလုံးသား၏စေလိုရာ (Complete)Wo Geschichten leben. Entdecke jetzt