ဒီလိုနဲ့ လူကြီးတွေလစ်တဲ့အခါ ဖုန်းပြောလိုက်
လူမလစ်ရင်ကျိတ်သတိရလိုက်နဲ့ပေါ့ တကယ်တမ်းကျ အဲ့အရွယ်လေးမှာ ခံစားရတဲ့ရင်ခုန်ခြင်းတွေ နုပျိုခြင်းတွေကိုတကယ်ပြန်ရှာမရတော့ဘူး....
ဒီလိုနဲ့ ကိုးတန်းနှစ် တတ်ရမယ့် အချိန်ရောက်လာတယ် သိပ်ကိုရင်ခုန်နေခဲ့တာ...
ကိုယ်က Bio ယူခဲ့တယ် ...
ကျောင်းတွေမပိတ်ခင်သူ့ကိုပြောခဲ့ဖူးတာ တစ်ခုရှိတယ်...
ကိုးတန်းရောက်ရင် Bio / Eco ရွေးရတော့မှာနော် --ရောဘာကိုရွေးမှာလဲဆိုတော့
သူက Eco ရွေးမှာတဲ့ သူ့အဖေ အမေတွေက စီးပွားရေးလုပ်ကြတယ် ကြွေစက်ရုံနဲ့ အိမ်ဆောက်ပစ္စည်းဆိုင်တွေဖွင့်ထားတာဆိုတော့ သူ့မိဘျတွက စီးပွားရေးပိုင်းကိုပိုလေ့လာစေချင်ခဲ့တယ်..
ကိုယ်ကတော့ သူ့ကို Duty coat လေးနဲ့ အတွေးထဲစိတ်ကူးယဉ်နေခဲ့တာ စဉ်းစားကြည့်လေ အသားဖြူဖြူ နှာတံ ချွန်ချွန် ပိန်ပိန်ပါးပါးနဲ့ကောင်လေးတစ်ယောက် ဆရာ၀န်ဖြစ်သွားခဲ့ရင်ဆိုတဲ့အတွေးလေး တွေးနေခဲ့တာ ကိုယ်က ငယ်ငယ်လေးတည်ူက ဆရာ၀န်သိပ်ရူးတာ ဒါပဲနဲ့ သူ့ကို Bio ယူဖို့တိုက်တွန်းခဲ့တယ်...
ခဏလောက်စကားဖြတ်ပြောရမယ်ဆိုရင် သူကစာတော်တယ် ကိုယ်ကတော့ တကယ်စာမလုပ်တဲ့ ခပ်ပေါ့ပေါ့ကောင်မလေးပါ ငါးတန်းထိတော့ 1 to 10 ၀င်ခဲ့ပေမယ့် အဲ့နော်ကပိုင်းတော့ဂွမ်းတာပါပဲ 😁
ဒီလိုနဲ့ ကျောင်းတွေအပ်ခါနီး ကိုယ်သူ့ကိုဖုန်းခေါ်ခဲ့တယ်
ကိုယ့်အိမ်က ၀ယ်ပေးထားတဲ့ ပစ္စည်းလေးတွေအကြောင်းပြောပြရင်း လွယ်အိတ်ဘာအရောင်လဲ မှန်းကြည့် လို့ပြောတော့ ပန်းရောင်ပဲမလားလို့ သူဖြေခဲ့တာ ကိုယ်ကတကယ်ကို ပန်းရောင်အရူးပါ မုန့်တောင် ပန်းရောင်ပါရင်ကြိုက်ကြိုက်မကြိုက်ကြိုက် ၀ယ်သိမ်းထားတာ
သူကိုယ့်အကြိုက်ပိစိလေးပဲဖြစ်ဖြစ် သိနေခဲ့တယ်ဆိုတဲ့စိတ်နဲ့ကိုယ်ပျော်ခဲ့ရတာ အခါခါပါ သူကတကယ်ကို စိတ်ကြည်နူးမူအမြဲပေးခဲ့တယ် ကိုယ့်ဘက်ကသူ့အပေါ်ပိုင်စိုးပိုင်နက်စကားပြောဆိုတာတွေ နှောက်ယှက်မူတွေကို ဘယ်တုန်းကမှငြူစူဟန်မပြခဲ့ဘူး ....ဒီလိုနဲ့သိပ်ကိုရူးမတတ်စောင့်စားနေတဲ့နေ့ကိုရောက်လာခဲ့တယ် ကိုးတန်းကျောင်းသားဘ၀ရဲ့ပထမဆုံးကျောင်းတတ်ရက် ကိုယ်တွဲနေကျ သူငယ်ချင်းတွေ နဲ့ကွဲကုန်တယ် သူတို့ က Eco ယူကြတယ် ကိုယ်ကတော့ Bio ပဲ ရူးမိုက်စွာယူခဲ့တယ် ဟီး... ခုနှစ်တန်း တုန်းက အဆင့်မကောင်းခဲ့တော့ C ခန်းပဲရ
ဒါပေမယ့် သူငယ်ချင်းအသစ်တွေနဲ့လည်းသိပ်ကိုပျော်ဖို့ကောင်းခဲ့တယ်ပထမဆုံးကျောင်းတတ်ရက်မှာကြုံတွေ့ရတဲ့နေရာလုရခြင်း အကျိုးဌာ ခပ်စောစောရောင်နေဖို့လိုအပ်တာပေါ့ သို့သော် ကိုယ် ကျောင်းကိုစောစောမရောက် ထုံးစံအတိုင်း အိပ်နေတာပါ ဒီလိုနဲ့ အခန်းထဲ၀င်တော့ ကိုယ်ကိူ့ ခပ်သွက်သွက်ကောင်မလေးတစ်ယောက်က အတင်းသူ့ဘေးနားမှာထိုင်ဖို့ခေါ်ခဲ့တယ် တကယ်ဆို ရှစ်တန်းတုန်းကကိုယ်နဲ့ခင်တဲ့ကောင်မလေးတစ်ယောက်လည်း အခန်းထဲမှာရှိနေခဲ့တယ် ဖြစ်ချင်တော့သူ့ဘေးမှာ ထိုင်နေတဲ့သူ့သူငယ်ချင်းကို မကြိုက်တော့ ကိုယ့်ကိုအတင်းဆွဲနေတဲ့ ခပ်သွက်သွက်ကောင်မလေးနဲ့ပဲထိုင်ဖြစ်ခဲ့တယ်
အဲ့ကောင်မလေးက စကားများချက် နာမည်တွေအတင်းမိက်ဆက် ကိုယ်ကမအားဘူးလေ ကိုယ့် crush ကိုချောင်းရမှာ သူယူထားတဲ့နေရာက ပြတင်းပေါက် မရောက်ခင်ခုံဖြစ်နေတော့ကိုယ့်အတွက်အဆင်မပြေ
ကိုယ့်မှာ ထိုင်မရ ထမရ အရပ်ကလည်းပုတော့ အပြင် တံခါးပေါက်ကြီးကငေးငေးနေရတေယ့ သူကမေးရှာတယ် နင်ဘယ်သူ့ကိုစောင့်နေတာလဲတဲ့ ကိုယ်က ရယ်ပြလိုက်ပြီး ဘာမှပြန်မဖြေဖြစ် စပ်စုစိန်က ထပ်မေးရှာတယ် နင့်ဘဲကိုလားတဲ့
အဲ့ကျမှ ကိုယ်လည်း ဘဲမဟုတ်ဘူး ငါကြိုက်နေတဲ့ကောင်လေးလို့ဖြေလိုက်တယ် ။