Chapter 1

58 3 1
                                    

၈တန်းနှစ်တုန်းက သဘောကျမိခဲ့တဲ့ ကောင်လေးတစ်ယောက်ရှိတယ်
ကိုယ်က D ခန်းမှာ မှားပြီးသွားထိုင်နေချိန်
သူက ကိုယ်တကယ်တတ်ရမယ့် B ခန်းကိုရောက်လာတယ့် ကျောင်းသားသစ်....ဆရာမက နာမည်တွေခေါ်တော့ ကိုယ့်နာမည်အရောက် ကိုယ်ကမရှိဘူး 😂 အာ့နဲ့
B ခန်းမှာရှိတယ့် ဟိုးနှစ်တန်းလောက်တည်းက တူတူတတ်ခဲ့တဲ့ သူငယ်ချင်းမလေးက သူ D ခန်းမှာ သွားထိုင်နေတာ ဆရာမ သူအဲ့မှာတတ်ရမယ် ဆိုပြီးပြောသွားတယ်ဆိုတော့
ဆရာမ ကကိုယ့်ကိုလာခေါ်ခိုင်းတယ်...
အဲ့သူငယ်ချင်းမလေး ကလာခေါ်တဲ့နောက်မှာ ဇာတ်လမ်းကစတာပါပဲ...
ကွကို မုန့်ဘူးလေးထုတ်ပြီးကြွားပြ စားပြနေတာအကောင်း
သူက ဟဲ့ အိမြတ် ဟိုဘက်ကို ကြည့်လိုက်ကျောင်းသားအသစ်လေး ဆိုတဲ့ အချိန်က စ အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်နဲ့ ကောင်လေးကိုကြည့်ပြီး အိမြတ်ရတနာ တို့ မျောက်မီးခဲကိုင်မိသလို ဖင်တကြွကြွနဲ့ မုန့်စားဆင်းမယ့်အချိန်ကိုစောင့်နေမိတယ်
အကြောင်းကတော့ စကားပြောချင်တာကိုး အဲ့ကျောင်းသားသစ်လေးနဲ့ 😂
ဒီလိုနဲ့ မုန့်စားဆင်း ခေါင်းလောင်းသံလည်းကြားရော အကြိုက်ပဲလေ
ခပ်တည်တည်နဲ့ ဟဲ့ကျောင်းသားသစ် ဆိုပြီး အလည်မှာ ခုံ တစ်တန်းခြားနေတာ ကို ရအောင် ခေါ်တယ်
သူ့ခဗျာ ကြောင်တောင်တောင်လေးနဲ့ သူ့ကိုယ်သူလက်ညှိးထိုးပြီး ငါ့ကိုခေါ်တာလားတဲ့...
OMG အဲ့မျက်နှာဘေး ကိုအခုခေတ်စကားနဲ့ပြောရမယ်ဆိုရင် အဲ့မျက်နှာဘေးလေးက အသက် 😂 ကြွေသထက်ကြွေမိတာ ပေါ့
ဒီလိုနဲ့သူကိုယ်ထိုင်နေတဲ့ ညာဘက်အစွန်ဆုံး roll ကို ရောက်လာခဲ့တယ် 
အင်း ဘာပြောမို့လဲတဲ့
နင့် နာမည်ဘယ်လိုခေါ်လဲ လို့ဆရာမကြီးစတိုင်လ်နဲ့ ထိုင်ရာက မထ မျက်နှာဘေးနဲ့ ကိုယ်လည်းပြန်မေးလိုက်တယ်
သူက သူ့နာမည်လေးဖြေရှာတယ် ရုပ်ရှင်ဆန်တဲ့နာမည်ပါဘုရားစူး 😂 သူ့အဖေနာမည်က ပါသေးတယ်နောက်မှာ
အဲ့တုန်းကတော့ နာမည်ကိုပါ သဘောတွေ တခွီးခွိးကျခဲ့တာ
သူနာမည်ပြောပြီးတာနဲ့ ခပ်တည်တည်ပဲ ကိုယ်လည်း ငါ့နာမည်က အိမြတ်ရတနာ နင် အိမြတ်လို့ခေါ်နိုင်တယ်
ငါက နင့်ကို -- လို့ခေါ်မယ်ဆိုပြီး ဘယ်ကသတ္တိနဲ့လဲ မသိ ပြောပလိုက်တာပဲ  အဖျားတွေ အမှီးတွေစွတ်ပြီး 😂😂
အခုမှ တွေးကြည့်ရင် ရှက်စရာကောင်းသလို ကြည်နူးဖို့လည်းကောင်းသားနော် အခုချိန်ဆိုအာ့လိုပြောဖို့နေနေသာသာ နာမည်တောင်မေးရဲ ကံကောင်း 😂
အဲ့လိုနဲ့ပဲ သူ့ကိုကြည့်လိုက် သူမုန့်စားဆင်းရင်လိုက်သွားလိုက်နဲ့ ပုံမှန်ပဲ
နောက်တော့ မနက်ပိုင်းတခါတလေ စောလာတတ်တဲ့သူ့အကျင့်ကိုသိတော့ကိုယ့်မှ ကျောင်းကို အမြဲ ကျောင်းခေါင်းလောင်းထိုးခါနီးမှရောက်တယ့်ကိုယ် က
အိပ်ယာမထချင်ထချင်နဲ့ ကျောင်းစောစောရောက်ဖို့အရေးစတင်ကြိုးစားတော့တာပါပဲ...
အဲ့လိုနဲ့ တခါတရံ အစောကြီး ကျောင်းကော်ရစ်တာမှာမတ်တတ်ရပ်ရင်း စကားတွေပြောကြတယ် သော့ဖွင့်မယ့်သူမလာသေးတဲ့အထိ
တခါတရံ အတန်းထဲက မောနီတာ သော့ဖွင့်ရတဲ့ရက်ဆို သော့ဖွင့်ပြီးပျောက်သွားတတ်တော့ သူနဲ့ကိုယ်နှစ်ယောက်တည်းအတန်းထဲမှာ 😅 ဘာပြောရမှန်းမသိ လျှောက်စပ်စု နေတာ သူလည်း စိတ်ရှည်ရှာတယ် အကုန်ပြန်ဖြေပေးခဲ့တာ...  ဒီလိုနဲ့ သူ့အကြောင်းတွေအများကြီး တစ်စထက် တစ်စ သိလာသလို အတန်းထဲက လူတော်တော်များများလည်း ကိုယ် သူ့ကိုသဘောကျနေကြောင်းသိလာကြပြီး ဝိုင်းစကြတယ်
စာသင်နေရင်း စက္ကူအပိုင်းလေးတွေနဲ့ စာအပြန်အလှန်ရေးကြရင်း သူ့ဘက်ရောက်တဲ့အခါ ရေးစရာစာရွက်မကျန်တော့ရင် အဲ့စက္ကူပိုင်းလေးတွေကို သူ့လွယ်အိတ်ထဲ or သူ့အင်္ကျီ အိတ်ကပ်လေးထဲ ထည့် ထားတတ်တာကို သတိထားမိလာတယ်...
ကြည်နူးလို့မဆုံးဘူးပေါ့ ကိုယ်တောင်သူနဲ့ ပြောပြီးတဲ့စာရွက်တွေကိုချက်ချင်းလွှတ်ပစ်တတ်တာကို ငယ်သေးတော့ ကြောက်တာကြောင့်လည်းပါမယ် သူအာ့လိုထားတတ်တာသတိထားမိပြီးနောက်ပိုင်းမှာ အိတ်လေးတစ်အိတ်ထဲ ထည့်ပြီး သိမ်းထားမိတယ် အိမ်ကိုလာ်းယူမသွားရဲတော့ သူငယ်ချင်းမလေးကိုပဲ သိမ်းခိုငးထားရတယ် သူ့မှာ ကျောင်းလာရင်ထုတ်ပေး ပြန်ရင် သိမ်းသွားနဲ့ တစ်ကယ့်ကို ချစ်ဖို့ကောင်းသောပါပဲ...
အာ့လိုနဲ့ နောက်ပိုင်း ကျောင်းမှာ သီချင်းစာအုပ်လေးတွေဝယ်တာမျိူးတွေခေတ်စားလာတယ် ကိုယ်က အသံမကောင်းဘူးဆိုတေတာ့ သူတို့သီချင်းဆိုတာလေးတွေထိုင်နားထောင်ရင်းနဲ့ စာလေးတွေဟိုတစ်ကြောင်း ဒီတစ်ကြောင်းချရေးဖြစ်တယ်
အဲ့ကောင်လေးအကြောင်းပေါ့ ဒီလိုနဲ့ ဘာအကြံပေါက်တယ် မသိ ကဗျာရေးဖို့စာအုပ်လှလှလေးဝယ်လာပြီး ပေါက်ကရတွေလျှောက်ရေးပါလေရော
အစက သူ့မှာ ကိုယ်ပေါက်ကရ ပြောသမျှနားထောင်ရ ပြန်ရေးပေးရအပြင် ကိုယ့်ပေါက်ကရ ကဗျာတွေပါဖတ်ပေးလာရတယ် 😂
တခါတလေ သူငယ်ချင်းကောင်မလေးမလာရင် အဲ့ကဗျာစာအုပ်ကြီး သူ့အိမ်ကိုထည့်ထည့်ပေးလိုက်သေးတာ 😂😂😂😂 ဒီလိုနဲ့သူ့ကိုမတွေ့ရရင် မနေနိုင် သဘောကျမိခဲ့တယ်... တနေ့ ထက် တစ်နေ့ပိုပိုပြီး.....
စာသင်နှစ်ဝက်လောက်ရောက်တော့ ကိုယ်က သူငယ်ချင်းကောင်မလေးနဲ့မထိုင်တော့ပဲ အခန်းထဲက ခပ်ချောချောအသားဖြူဖြူနဲ့ သူ့သူငယ်ချင်းကောင်မလေးဘေးနားမှာ သွားထိုင်တယ် အဲ့ခုံကို ဘာ့ကြောင့်ပြောင်းတယ်တော့မမှတ်မိတော့ဘူး
သူတို့နဲ့ထိုင်ပြီး သိပ်မကြာပါဘူး အဲ့ဖြူဖြူချောချောကောင်မလေးက ကိုယ့် crush ကို crush နေမှန်းသိလိုက်ရတယ် 😅😅 သူက ကိုယ့် သူငယ်ချင်းကောင်မလေးတွေနဲ့ မုန့်သွားစားတယ့်အချိန်ဆို အဲ့ကောင်လေးကိုသွားသွားစကားတယ်ပြောတယ် နောက်ပိုင်းမှ သူ့ဘေးက ကောင်မလေး ပြန်ပြောလို့သိရတာ အာ့လိုနဲ့တစ်ရက်ကျတော့ အဲ့ကောင်မလေးက ကိုယ်ခေါ်သလို ကိုယ့် crush လေးကိုနာမည်အဖျားစွတ် ခေါ်ပြီး သူထိုင်ခုံနားလာဖို့ပြောတယ်တဲ့ အဲ့ဒါကို ကောင်လေးကငြင်းလိုက်တယ် နင်ခေါ်တိုင်းဘာလို့လာရမှာ လဲဆိုပြီးတော့ 😒 အာ့နဲ့ကောင်မလေးကပြောတယ်နင်အိမြတ်ခေါ်ရင်ကျ လာတယ်ဘာညာ နဲ့ ဆိုတော့ အာ့ကောင်လေးကပြန်ပြောတယ်တဲ့ နင်က အိမြတ်မှမဟုတ်တာတဲ့
အက်လယ့် 😅 ကိုယ့်မှာပြန်ကြားတော့ပျော်လိုက်ရတာဆိုတာ ကောင်မလေး ကိုမုန်းလို့မဟုတ်ဘူးနော် သူက ကိုယ့်ကိုတခြားသူတွေထက်ပို ခင်တယ်ဆိုတာသိလိုက်ရလို့
ဒီလိုနဲ့ ကျောင်းက လေ့လာရေးခရီးထွက်ရမယ့် အချိန် ရောက်လာတယ်

My student's lifeWhere stories live. Discover now