"ကိုယ်အလုပ်ကိစ္စနဲ့အပြင်သွားရမယ်ကလေး"
"ဟမ် ရုတ်တရက်ကြီးလားကိုကိုရဲ့ ဘယ်ကိုသွားရမှာလဲဟင်"
"အဲ့လိုပဲဖြစ်သွားတယ် ကလေးရယ် နေရာကသိပ်တော့မဝေးပါဘူး"
"ဘယ်လောက်ကြာမှာလဲ ကိုကို"
"ဒီနေ့ကစရင် ဒီတစ်ပါတ်တနင်္ဂနွေနေ့မှပြန်ရောက်မယ်ထင်တယ်"
"ဟာ ဒီနေ့သွားရတော့မှာလား ကိုကိုကကြိုလဲမပြောဘူးဗျာ"
"ကိုယ်လည်းဒီနေ့မှသိတာလေ ကလေးရဲ့ ကလေးကိုလည်းကိုယ်ကဘယ်ခွဲချင်ပါ့မလဲ"
"မခွဲချင်ရင်လဲ ကိုကိုရယ်မသွားပါနဲ့တော့လား ကျွန်တော်ကိုကိုနဲ့မခွဲနိုင်ဘူးဗျ "
"မသွားလို့မှမဖြစ်တာကလေးရယ် ကိုယ်လည်းမသွားချင်ပါဘူး ငြင်းလို့မရလို့သာရယ်"
"ဟင်းးး ဟုတ်ပါပီလေ ကိုကိုကဘယ်သူနဲ့သွားရမှာလဲ"
"ကိုယ့်အတွင်းရေမှူးနဲ့လေ"
"တစ်ခြားသူတွေကောမပါကြဘူးလား"
"အွန်း ပါတော့ပါပါတယ် ဒါပေမဲ့ တစ်ခြားသူတွေကမနက်ဖြန်လောက်မှလိုက်လာကြမှာ"
"အဲ့တာဆိုဒီညကားကသူနဲ့တူတူစီးရမှာပေါ့"
"အင်းပေါ့"
"ဟာ စိတ်မချဘူး မသွားပါနဲ့ကိုကိုရာ အဲ့အတွင်းရေမှူးမကိုကျွန်တော်ကြည့်ရတာမဟုတ်ဘူးဗျ တော်ကြာကိုကို့ကိုသူလမ်းမှာမာယာတွေသုံးပြီးလှည့်စား-"
"မင်းအခုမိန်းကလေးတစ်ယောက်ရဲ့သိက္ခာကိုစော်ကားသလိုဖြစ်နေတာမင်းသိလား ဟိုကမိန်းကလေးကွ ငါနဲ့တူတူ အလုပ်ကိစ္စသွားတာတောင် ပတ်ဝန်းကျင်ကထင်ချင်သလိုထင်ပြီးအပြောခံရမဲ့ကောင်မလေးကွ ပြီးတော့အခုအလုပ်ကိစ္စသွားတာကလည်းမဖြစ်မနေသွားရတာမလို့လေ ဘာမဟုတ်တာလေးကိုရစ်မနေစမ်းပါနဲ့ စိတ်တွေရှုပ်လွန်းလို့ပါ"
"ဟာ ကိုကို မိန်းကလေးနဲ့ယောင်္ကျားလေး အပြင်တူတူအလုပ်ကိစ္စနဲ့ညအိပ်သွားတယ်ဆိုထဲက သဘာဝမကျမှန်း ပတ်ဝန်းကျင်တစ်ခုလုံးကသိပြီးသား အဲ့တာကို ကျွန်တော်က သဘာဝမကျလို့ မကျဘူးပြောတာလေ အဲ့တာအပြစ်လား ပြောပါအုံး"
YOU ARE READING
12:45 PM
Short Storyကလေးငယ်ရယ် မင်းရပ်တန့်မှဖြစ်မယ် မင်းဖုန်းခေါ်နေတာကို ကိုယ်တွေ့ပါတယ် ကိုယ်ပြောသားပဲ ကိုယ်ကိုင်မှာမဟုတ်ဘူးလို့ ကိုယ်သိပါတယ် မင်းနောက်တစ်ကြိမ်ပြန်စချင်တာကို ဒါပေမဲ့ ကိုယ်တို့မှာကြုံလာရမဲ့ပြဿနာတွေရှိတယ်လေ ကိုယ်မင်းကိုချစ်ပေမဲ့ ဒီတစ်ညတော့ကိုယ့်ကိုလွတ်ထ...