Jungkook side:
ရုံးတွင်အလုပ်လုပ်နေရင်းဖြင့် အတွင်းရေးမှူးမလေးအခန်းတံခါးကိုလာခေါက်လေသည်
"ဝင်ခဲ့"
"CEOအလုပ်ကိစ္စနဲ့ဂျယ်ဂျူဒိုကိုသွားရပါမယ်ရှင့် CEO Jeonကပြောခိုင်းလိုက်လို့ပါ"
"အဖေက? ဘယ်နေ့သွားရမှာလဲ"
"ဒီနေ့ပါ"
"ချက်ချင်းကြီးလား?အရမ်းအရေးကြီးကိစ္စမလို့လား"
"ဟုတ်ပါတယ် ဒီတစ်ခေါက်က CEOအရမ်းလိုချင်နေတဲ့မြေကွက်ကိုရနိုင်မဲ့အလားအလာအများကြီးရှိပါတယ်"
ကလေးငယ်လိုချင်တယ်လို့တစ်ခါပြောဘူးတဲ့ဂျယ်ဂျူဒိုနားကမြေကွက်လေးကိုရအောင်လုပ်ရမည် ဖြစ်တဲ့အတွက် ကလေးငယ်ကိုမခွဲချင်ပေမဲ့လဲ ကလေးငယ်မွေးနေ့အမှီဒီလယ်ကွက်လေးကိုလက်ဆောင်အဖြစ်ပေးချင်သည်လေ။
"ကောင်းပီ အတွင်းရေးမှူးchoiကကောလိုက်ခဲ့ရမှာလား"
"ဟုတ်ပါတယ်ရှင့် ကျွန်မလိုင်းကားနဲ့လိုက်ခဲ့ပါမယ်"
"ဟာ မဟုတ်တာ ကျွန်တော်နဲ့လိုက်ခဲ့ပါ"
"CEOကောင်လေးအထင်လွဲနေပါအုံးမယ်ရှင် ကျွန်မဘာသာသွားလိုက်ပါ့မယ်"
"ဟာ မဟုတ်တာဗျာ ကလေးကအဲ့လောက်သဘောထားသေးသိမ်တဲ့သူမဟုတ်ပါဘူး"
"အဲ့တာဆိုလဲ အားနာနာနဲ့ပဲလက်ခံပါရစေ"
"အဲ့တာဆိုရင် ကျွန်တော်ရုံးဆင်းပြီးနော် ကလေးကိုဒီကိစ္စပြောရမှာ"
"ဟုတ်ကဲ့ပါ"
ကားပေါ်တွင် ကလေးကိုမခွဲချင်ပဲခွဲရမယ်ဖြစ်၍စိတ်ထဲတွင်မကောင်း။ရုတ်တရက်ဖြစ်သွားသည်ဆိုတော့ပိုလို့ပင်ဆိုးသေးသည် ကလေးလည်းသူ့ကိုခွဲချင်မှာမဟုတ်ဘူးဆိုတာသိနေသည်လေ။ဘာပဲဖြစ်ဖြစ်
ကလေးမွေးနေ့တွင်ကလေးကြိုက်သောအရာကိုလက်ဆောင်အဖြစ်ပေးချင်သည်လေ။အိမ်ရောက်မှပဲကလေးကိုအကျိုးအကြောင်းရှင်းပြရမည်။အိမ်သို့ပြန်ရောက်တော့~~
ကလေးကဆိုဖာပေါ်မှာထိုင်ကာ သူ့အလာကိုထိုင်စောင့်နေသောကလေးငယ်။ သူ့ကိုတွေ့စည်နှင့်လုံးလုံးလေးပြေးလာပီး သူ့ရင်ခွင်ထဲလာတိုးဝင်သည့်ကြောင်ပေါက်လေး။
YOU ARE READING
12:45 PM
Short Storyကလေးငယ်ရယ် မင်းရပ်တန့်မှဖြစ်မယ် မင်းဖုန်းခေါ်နေတာကို ကိုယ်တွေ့ပါတယ် ကိုယ်ပြောသားပဲ ကိုယ်ကိုင်မှာမဟုတ်ဘူးလို့ ကိုယ်သိပါတယ် မင်းနောက်တစ်ကြိမ်ပြန်စချင်တာကို ဒါပေမဲ့ ကိုယ်တို့မှာကြုံလာရမဲ့ပြဿနာတွေရှိတယ်လေ ကိုယ်မင်းကိုချစ်ပေမဲ့ ဒီတစ်ညတော့ကိုယ့်ကိုလွတ်ထ...