(Ficအရသာရေးထားတာဖြစ်တဲ့အတွက်တစ်စုံတစ်ရာ၊idol imageကိုထိခိုက်စေလိုသောဆန္ဒမရှိပါဘူးနော်)Taehyung pov;
တစ်ညလုံးဖုန်းခေါ်နေခဲ့သော်လည်းချစ်ရသူရရက်စက်စွာဖြင့် ဖုန်းကိုမကိုင်လေတော့စိတ်ထဲတွင်ပူပင်လာရသည်။သူ့ကိုစိတ်ဆိုးစွာဖြင့်ထွက်သွားရာ လမ်းမှာတစ်ခုခုဖြစ်နေသလား။ ဟာ ကင်ထယ်ယောင်းမဟုတ်တာတွေမတွေးစမ်းပါနဲ့။
လူကလည်းညကတစ်မှေးလောက်ပဲမှေးထားသည်မလို့ မျက်လုံးတွေကျိန်းစပ်နေပြီဖြစ်သည် ထို့ကြောင့်ခဏလောက် မျက်စိကိုအနားပေးရန်ဆုံးဖြတ်မိသည်။
သူပြန်နိုးလာမဲ့အချိန်တော့ ကိုကိုဖုန်းပြန်ခေါ်လောက်ပါတယ်။
သူ့အိပ်သွားတာ မနက်4နာရီလောက်က အခုနေ့လည်12နာရီပင်ထိုးနေပြီ။ဗိုက်ထဲမှအချက်ပြသံလိုမြည်လာတဲ့ ဆာလောင်နေမှုကလည်း ထိန်းမရသိမ်းမရဖြစ်နေလေပြီ။ထို့ကြောင့် အိမ်ရာမှထကာ အိမ်အောက်သို့ ဗိုက်ဖြည့်ရန်သွားမိသည်။
ထုံးစံအတိုင်းကိုကိုမရှိတော့သောကြောင့် ခေါက်ဆွဲပြုတ်နဲ့သာညားမယ်လေ။ကိုကိုမရှိတဲ့နေရာမှထမင်းကောင်းကောင်းစားဖို့မဖြစ်နိုင်တာမလို့။အိမ်ကလည်း ခြေက်သွေ့နေသယောင်ယောင်ဖြင့်။ကိုကြိမရှိသည့်နေရာသည် သူ့အတွက် ကျောချမ်းစရာလယ်ကွင်းပြင်ကြီးနဲ့တူလေသည်။ ကိုကိုမြန်မြန်ပြန်လာဖို့ဖုန်းဆက်ပြောချင်သော်လည်း နေရက်နိုင်သူက ဖုန်းမကိုင်သည့်အတွက် သူဘာမှမလုပ်နိုင်။
Jungkook side;
သူ့မရင်းနှီးသောအိပ်ရာပေါ်တွေနိုးထလာခဲ့သည်။ဒီအိပ်ယာသည်သူ့နဲ့ကလေးတို့ရဲ့အိပ်ယာမဟုတ်။သူဖြစ်ပျက်သမျှကိုတွေကြည့်မိတော့။သူဂျီယွန်း မေ့လဲလို့ဆိုပီး မေမေပြောလို့ဂျီယွန်းအိမ်ကိုသွားသည်။ဂျီယွန်းအခန်းထဲသို့ဝင်ကာဂျီယွန်းနဲ့စကားပြောနေစဉ်
ဒေါ်ကြီးအအေးလာပို့၍အဲ့အအေးကိုသောက်လိုက်တာကလွဲလို့ မည်သည်ကိုမှမမှတ်မိချေ။ထိုအအေးထဲမှာများ တစ်ခုခု-ဟာ ဂျောင်ကု မင်းဘာတွေလျှောက်တွေးနေတာလဲ ဒေါ်ကြီးကအဲ့လူလုပ်မဲ့လူစားလား။မင်းအားပျက်သွားတာနေမှာ။
YOU ARE READING
12:45 PM
Short Storyကလေးငယ်ရယ် မင်းရပ်တန့်မှဖြစ်မယ် မင်းဖုန်းခေါ်နေတာကို ကိုယ်တွေ့ပါတယ် ကိုယ်ပြောသားပဲ ကိုယ်ကိုင်မှာမဟုတ်ဘူးလို့ ကိုယ်သိပါတယ် မင်းနောက်တစ်ကြိမ်ပြန်စချင်တာကို ဒါပေမဲ့ ကိုယ်တို့မှာကြုံလာရမဲ့ပြဿနာတွေရှိတယ်လေ ကိုယ်မင်းကိုချစ်ပေမဲ့ ဒီတစ်ညတော့ကိုယ့်ကိုလွတ်ထ...