ဇာတ်လမ်း စ/ဆုံး

90 4 0
                                    

ကျောင်းနဲ့ နီးတဲ့ တိုက်ခန်းပြောင်းလာတာကြောင့် အထုတ် တွေကို ဖြေနေရင်း စာအုပ်ကြားထဲက ထွက်လာတဲ့ ပုံကြောင့် ကျွန်တော် မှင်သက်နေမိသည်

သူမရှိတော့ပေမယ့် အနည်းဆုံး မှတ်ညဏ်ထဲက သူရှိနေသေးတာမို့ တော်သေးသည်ဟုသာ တွေးမိသည်
ကျွန်တော်မှတ်မိသလောက် ကျွန်တော်တို့ရဲ့ အဆုံးသတ်က coffee ဆိုင်ထဲတွင် ...

1 year ago <<<

"ကိုယ်တို့ လမ်းခွဲရအောင် Baekhyun"

ကြိုမြင်ယောင်ထားပြီးသား စကားပေမယ့်
မငိုဖို့ ကြိုးစားပေမယ့်..
သူ့အလိုလိုကျလာတဲ့ မျက်ရည်တွေ မတားနိုင်ခဲ့

"အကြောင်းပြချက်ကဘာလဲ Chanyeol?"

အရှေ့က လူကြီးယောင်ဆောင်နေတဲ့ လူသားက
ကျွန်တော့် အမြင်မှာတော့ အလေးသွားချင်လို့ မနေတက် မထိုင်တက် ဖြစ်နေတဲ့ ခွေးလေးနဲ့သာ တူသည်..

"..."
သူ့မှာ ပြောစရာ စကားများမှာပါ.. ခုသူလည်း ကျွန်တော့်ကို အားနာလို့ မပြောထွက်တာနေမှာပါ.. သူ့အကြောင်း ကျွတ်တော် အသိဆုံးလေဆိုပြီး ကိုယ့်ကိုကိုယ် နှိမ့်သိမ့်နေမိသည်

Park Chanyeol ဆိုသော လူသားကို ကျွန်တော် သိခဲ့တာ ခုနဲ့ဆို ၈ နှစ်ရှိခဲ့ပြီး ပြောရမယ်ဆို ကျွန်တော့်ရဲ့ ငယ်ရွယ်မှု သူ့ရဲ့ ငယ်ရွယ်မှုကို တစ်ယောက်ကို တစ်ယောက် အကုန် ပေးဆပ်ခဲ့တဲ့ အထိ

ကျွတ်တော်တို့ရဲ့အစကတော့

အလယ်တန်း ဒုတိယ နှစ် <<

"မင်း ဘေးမှာ လူရှိလား?"

သူငယ်ချင်းတွေအကုန်လံုး ဗိုက်မဆာကြလို့ cafeteria ကို မဆင်းလာကြ ကျွန်တော်တစ်ယောက်ထဲဆိုလည်း လူတွေက ကျွန်တော် သူငယ်ချင်းမရှိဘူးထင်မှာဆိုးလို့ နေ့လည်စာ ဗန်းကိုကိုင်ကာ
တစ်ယောက်ထဲထိုင်နေတဲ့ မျက်လုံးပြူးပြူး မျက်မှန်လေးနဲ့ ကျောင်းသားသစ် ကောင်လေးဆီ ကျွန်တော် စကားသွားစလိုက်သည် ကျွန်တော်က ကျောင်းသားသစ်တွေဆို စိတ်ဝင်စားသည် သူငယ်ချင်းမရှိတဲ့သူတွေရဲ့ သူငယ်ချင်းဖြစ်ပေးရတာ ကြိုက်သည်

ထိုကလေးက ဇွန်းလေးကို ကိုက်ထားရင်း အူကြောင်ကြောင် ဖြင့်ခေါင်းခါပြလာသည်

He's so BeautifulWhere stories live. Discover now