FlashBack

42 3 1
                                    

This chapter has a content like sex, language and nudity, that may disturb some viewers so, if you don't like it pls skip this chapter.🚨

ဒီ chapter တွင် ၁၈​နှစ်​အောက် မဖတ်သင့်​သော စကားများ, အ​ရေးအသား ပါတာ​ကြောင့် ဒါမျိုး မနှစ်သက်သူများ မဖတ်ပဲ ​ကျော်​ပေးပါရန် 🚨

ကျွန်တော့်ကို တစ်ခြား ယောကျာ်းတစ်ယောက်နဲ့ တွဲတွေ့ရင် သူဘယ်လို ခံစားရလောက်နိုင်လဲ ကျွန်တော့်ကို ထားသွားတဲ့နေ့ကထက် ပိုခံစားနေရလောက်လား.. တကယ်ကို စိတ်ရင်းနဲ့ နာကျင်စေချင်သည်

Flash Back
အထက်တန်း နောက်ဆုံးနှစ် <<<

" Baekhyun!! မင်း ကိုယ်တစ်ယောက်နဲ့တင် မလုံလောက်ဘူးလား?"

စလာပါပြီး သူငယ်ချင်းတွေနဲ့ အပြင်ထွက်တော့မယ်ဆို ဒီပြဿနာ အမြဲဖြစ်သည် 

"ခါတိုင်းလည်း မသွားခိုင်းလို့ မသွားခဲ့ဘူးလေ!! အခုက တစ်ခြားသူလည်း မဟုတ် Kai လေ နောက်နှစ်တွေ အများကြီးနေမှ ပြန်တွေ့ရမှာမို့ ပြောနေရတာမဟုတ်ဘူးလား ချန်းညော"

သူ့ကို ကြည့်ရတာ စာမေးပွဲ အမှတ်ထွက်ခါနီး ကျမှာကို ကြိုသိထားလို့ ဂဏာမငြိမ်တဲ့ ကလေးလိုဖြစ်နေသည် ဒီကလေးကြီးကတော့ ဒေါသပိုကြီးသည် အခုလည်း ကျွန်တော့်ကို အော်ချင်တာကို ထိန်းပြီး သူ့ဖုန်းကို ပေါက်ခွဲမတက် စုပ်ကိုင်ကာ စကားကို ကတ်ပြောနေသေးသည်

"အဲ့မှာ သူပဲရှိမှာမှ မဟုတ်တာ တခြားကောင်တွေရော မိန်းမတွေရောရှိနေမှာလေ မင်း ငါနဲ့ ဖြုန်းလို့ရတဲ့အချိန်တွေကို ဘာလို့ သူတို့ အပေါ် ဖြုန်းချင်နေရတာလဲ ဟွန်း"

"ဟူး..."

ဘတ်ဟွန်း သက်ပြင်းချလိုက်သည်

ဒီပွဲ ဘတ်ဟွန်းနိုင်လို့ သွားလိုက်ရရင်တောင် တစ်မျိုးမဟုတ် တစ်မျိုး ပြဿနာရှာတက်သည့် ချစ်ရသူ
တစ်ခါဆို ၅ရက်လောက် အဆက်အသွယ်ဖြတ်ပြီး ပျောက်သွားလို့ အိမ်အထိ လိုက်ရှာတော့ အစားမစားထားလို့ ပျော့ပျော့သာကျန်တော့သည် အဲ့တာလည်း သူ့အိမ်က အန်တီကြီး ပြောပြလို့သာ သိရချင်း

ချန်းညော အိမ်သွားတိုင်း တစ်ခါမှ သူ့မိဘတော့ မတွေ့ခဲ့ဖူး ကျွန်တော်လည်းမမေးခဲ့သလို သူလည်း ပြောပြချင်ပုံ မပေါ်တာကြောင့် ကျွန်တော် ဘာမှမသိရ

You've reached the end of published parts.

⏰ Last updated: Sep 14, 2021 ⏰

Add this story to your Library to get notified about new parts!

He's so BeautifulWhere stories live. Discover now