Hello U

31 1 2
                                    

အိုဆယ်ဟွန်းအား ထိုင်စောင့်နေရင်း Cafe မှာထိုင်ကာ သူ့ကို interview ဖို့ မေးခွန်းတွေ တစ်ချက်ပြန်စစ်နေသည်

"ဘတ်ဟွန်းရှီ..?"

နူးညံ့ပြီး တစ်ခါကြားရုံနဲ့ မှတ်မိတဲ့ အသံလာရာကို မော့ကြည့်လိုက်တော့ အိုဆယ်ဟွန်းအား တွေ့လိုက်ရသည်
တကယ်ကို မေ့မောလောက်အောင်ကို ချောလွန်းသည် တစ်စုံတစ်ယောက်နဲ့ ခြားနားစွာ သူ့မှာ ဆွဲဆောင်မှုရှိလွန်းတဲ့ နှုတ်ခမ်းပါးပါး ထူထဲနေတဲ့ မျက်ခုံးက အရာအားလုံးထဲမှာ အထင်းဆုံး ကျွန်တော့ အသားက ဘယ်သူနဲ့ ယဉ်ယဉ် အဖြူခဲ့ဆုံးကို သူ့အသားက ပိုလို့တောင်ဖြူဖတ်နေပြီး အပြင်မှာအေးလို့ထင် နှစ်ခေါင်းနှင့်ပါးတစ်လျှောက် ရဲနေတဲ့ မျက်နှာ ချီးမွမ်းခံထိုက်လောက်တဲ့ ရုပ်ရည်ဆိုတာ Byun Baekhyun လက်ခံလိုက်သည်

"အိုဆယ်ဟွန်းရှီ!!! ဒီလိုတွေ့ဆုံခွင့်ရတာ ကျွန်တော့်အတွက် honor ပါပဲ ကျွန်တော် Byun Baekhyun ပါ"

ကိုယ့်ကိုကိုယ် မိတ်ဆက်ကာ လက်နှုတ်ဆက်ဖို့ ကမ်းလိုက်တဲ့ ကျွန်တော့်ကို ပြုံးလည်း မပြုံး မဲ့လည်း မမဲ့တဲ့ အမှုအရာဖြင့် ပြန် နှုတ်ဆက်ပြီး

"ဟုတ် ကျွန်တော် အိုဆယ်ဟွန်းပါ"

အိုဆယ်ဟွန်းရောက်လာတာနဲ့ တစ်ချို့ဘေးဝိုင်းက လူတွေရဲ့ စကားတွေကို ဘတ်ဟွန်းရော ဆယ်ဟွန်းရော တစ်စ တစ်စ ကြားရသည်

Woman 1 : ဟဲ့ အဲ့တာ အိုဆယ်ဟွန်းမဟုတ်ဘူးလား!!!!
W2: TT အေးးးး အပြင်မှာ အများးကြီးပိုချောနေတယ် ငါတို့ ဒီလာတာ တကယ် ကံကောင်းတာပဲ

W3: သူ့ရှေ့က ကောင်လေးက တကယ် ငါ့ type ပဲ နင်တို့သိလား??
W1: ရုပ်ချောတဲ့သူဘေးမှာ ရုပ်ချောတဲ့သူ ငါတို့သေလို့ ကောင်းပင်ပေါ်ရောက်လာတာများလား???
ဆိုတာမျိုးပင်

အိုဆယ်ဟွန်း စရောက်ထဲက ကျွန်တော် အကဲခတ်နေမိတာ အသက် ၂၃ နဲ့မလိုက် အတော်ကို ရင့်ကျက်နေတဲ့ မျက်နှာပုံစံကို သူဝတ်ဆင်ထားသည် မျက်လုံးကတော့ ဘာခံစားချက်မှမရှိတဲ့အတိုင်း သေနေသလို စကားပြောနေလို့သာ အသက်ရှိမှန်းသိနေရသေးသည့် လူလိုမျိုးဖြစ်နေသည်

He's so BeautifulWhere stories live. Discover now