လူသစ်?

45 3 0
                                    

2021 လက်ရှိ

**Ting

Message ဝင်လာတာကြောင့် အတွေးတွေကို ရပ်လိုက်ကာ ဖုန်းကိုကြည့်မိတော့ Kim Kai

💬 "ဘတ်ဟွန်း အိုဆယ်ဟွန်းကမင်းကို ကူညီမယ်တဲ့ ငါယုံတောင်မယုံနိုင်ဘူး သူ့လိုလူမျိုးက မင်းလို ဘာမှ မဟုတ်သေးတဲ့ တက်သစ်စလေးကို ဘယ်လိုများသိပြီး"

လန့်လွန်းလို့ ဖုန်းတောင် လွှတ်ကျမတက် အိုဆယ်ဟွန်းဆိုတာ သိပ်မကြာသေးခင်ကမှ ဂျပန်ကပြန်လာတဲ့ ဂျပန် ကိုရီးယားစပ် ကောင်လေး အသက်က တက္ကသိုလ်တက်ရမယ့်အရွယ်သာရီသေးပေမယ့် အဲ့ထက်ကိုသာလွန်ပြီး ငယ်ငယ်လေးထဲက နာမည်ကြီး ဓာတ်ပုံဆရာတစ်ယောက်

ကျွန်တော် အကူအညီတောင်းထားတဲ့လူတွေထဲမှာ သူပါပေမယ့် ကျွန်တော့် email ကို သူဖတ်မယ်လို့တောင်မထင်ထား ကျွန်တော့် email ဆိုပေမယ့် Kim Kai ကပို့ထားပေးတာကြောင့် kim kai ကတစ်ဆင့် သိရသည်

သူ့သတင်းတွေအရတော့ တစ်ကိုယ်ထဲ အလုပ်လုပ်ပြီး ကိုရီးယားရောက်ထဲက ဘယ်စာရေးဆရာနဲ့မှ အလုပ်အတူတွဲလုပ်ဖူးတယ်ဆိုတာမရှိ

Ting**

💬 "1978### အဲ့တာ အိုဆယ်ဟွန်း ဖုန်းနံပါတ် မင်းဖုန်းဆက်တာ သူစောင့်နေမယ်တဲ့ ဗြောင်ဘတ်ဟွန်းရေ မင်းဒီတစ်ခေါက်တော့ ကံပဲဟေ့"

ဟုတ်သည် အိုဆယ်ဟွန်းအကြောင်းသာ စာအုပ်ထုတ်နိုင်ရင် ကျွန်တော် အောင်မြင်လိုက််မည်ဖြစ်ချင်း အခုအချိန်နဲ့တွက်ရင် အိုဆယ်ဟွန်းဟာ ငယ်ရွယ်ပြီး အလွန် ကြည့်ကောင်းတဲ့ ကောင်လေးတစ်ယောက်ဆိုတာ ဝန်ခံသည်  သူ့အားကြိုက်နေသည့် ကောင်မလေးများမှာ ကျောင်းတွင် ပုံပေါနေပြီး အားကျသည့် ယောကျာ်းလေးများတောင်ရှိသည်

စိတ်မြန်သည့် ကျွန်တော် message မပို့ချင်၍ ချက်ချင်း ဖုန်းခေါ်လိုက်မိသည်

တီတီတီ

"Hello?"
၃ စက္ကန့်တောင်မကြာ ချက်ချင်းကိုင်လိုက်လို့ လက်တွေတုန်ကာ ခဏ ကြောင်နေစဉ်

He's so BeautifulWhere stories live. Discover now