Chapter { 1 }: Addiction( စွဲလန်းမှု)

757 68 20
                                    

ဆိုးလ်မြို့​တော်ရဲ့ မြို့စွန် တစ်​နေရာရှိ ​ရောင်စုံမီးများ
ဖြင့်စည်ကား​နေ​သော​နေရာသည် ​ " Eden Club " ဟု နာမည်ကြီး​သော လူချမ်းသာတို့ရဲ့ ဗိမာန် ​​နေရာတစ်ခုဖြစ်သည်

အတွင်းဘက်ရှိ ​Club Floor ​တွင် ကခုန် မူးယစ်​နေသူများပြည့်နှက်​နေကြ​သော်လည်း လူတစ်ဦးဧ။် ပတ်ဝန်းကျင်ကား  ငြိမ်သက်တိတ်ဆိတ်​နေလျက်ပင်
Dragon eyes လို စူးရှတဲ့အကြည့်ပိုင်ရှင် သည် ရေခဲ​ရောထား​သော Whiskey ဖန်ခွက်ကို ကိုင်လျက် တစ်ငုံမျှ​သောက်လိုက်ကာ ...မျက်ခုံးထူထူတို့တွန့်ချိုးလျက်

" Whiskey က မင်းလိုပဲ ခါးသက်တယ် ဂျင်ငယ် "

Whiskey ဖန်ခွက်အား စားပွဲ​ပေါ်သိုတင်လိုက်ပြီး ​
တစ်​နေရာဆီလှမ်းကြည့်လိုက်​တော့
​ငြိမ်သက်တိတ်ဆိတ်တဲ့ သူ့ပတ်ဝန်းကျင်သို့ တစ်လှမ်းချင်း​လျောက်လှမ်းလာ​သော သူ့မူပိုင် အလှတရားငယ် ( သို့ ) Eden Bar ရဲ့ နာမည်ကြီး အကသမား " Jin (ဂျင်) "

Dragon Eyes အကြည့်ပိုင်ရှင်အား Wink တစ်ချက်မှိတ်ပြပြီး အနက်​ရောက်ဆံပင်တို့အား ​ဖွလျက် ရှပ်အနက် မှ ကြယ်သီး နှစ်လုံး​လောက် ဖြုတ်လိုက်ကာ အနားသို့​ရောက်လာပြီး မတုန့်မဆိုင်းပဲ သူ့ ပေါင်​ပေါ်သို့ ဖြည်းညင်းစွာထိုင်ချလျက် လည်ပင်းတို့အားသိုင်းဖက်ကာ

" ဂျွန်း ကို ဂျင်ငယ်က ဘယ်​လောက်​တောင် လွမ်း​နေရလဲ "

သူလာမ​တွေ့ရင် သူ့ကိုလှည့်ပင်မကြည့်တဲ့ အလှ​လေးကအသံငယ်​လေးဖြင့် နူးနူးညံ့ညံ့ ပြောကာ လည်ပင်းသားတို့အား
သူ့နှုတ်ခမ်းဖူးဖူးတို့ဖြင့်ထိကပ်ကျီစယ်ရင်း လက်​ချောင်း​ကောက်​လေးများများဖြင့် ပါးချိုင့်တို့အား တို့ထိရင်း

" ​ဒီည​တော့ ဂျွန်းက ဂျင်ငယ် နဲ့ အတူရှိ​ပေးမယ်မလားဟင် "

​အမိန့်​ပေးသလို မထိတထိ​လေသံ​လေး ​ကြောင့် တစ်ချက်ပြုံးလိုက်ပြီး ပေါင်​ပေါ်မှ အလှတရား​လေးရဲ့ ခါးသွယ်သွယ်ကို သိုင်းဖက်ကာ နှုတ်ခမ်းဖူး​လေးအား ထိရုံမျှ နမ်းရှိုက်ပြီး
နား နားသို့ တိုး​ဝေ့​သော စူးရှ​သော​လေသံဖြင့်

"ကိုယ် မင်းကို မငြင်းနိုင်ဘူး...ဂျင်ငယ် "

အလှ​လေးသည် နှုတ်ခမ်းဖူးဖူးများအား တွန့်​ကွေး​အောင်ပြုံးလျက် သူ့လက်ကိုဆွဲကာ Club အပြင်သို​ခေါ်ထုတ်သွားသည်
မွန်းကြပ်​နေသည့်  အ​ငွေ့အသက်များသည် ပြင်ပ​လေရနံ့​ကြောင့် အနည်းငယ်သက်သာရာသွားသည်...သူသည် ဒီလို ​နေရာမျိုးကို ရွံ​ရှာသော်လည်း  ဂျင်ငယ်နဲ့​တွေ့ဆုံနိုင်​သော အရပ်သည် ဒီလိုစိတ်ပျက်စရာ နေရာတစ်ခုပင်ရှိသည်

Whiskey : Namjin FFWhere stories live. Discover now