Chapter { 2 } : Longing ( ​​တောင့်တခြင်း )

307 58 19
                                    

ဖြူလွှ​သော ​မွေ့ယာပြင်ထက်တွင် ဝက်ဝံအပြာ​ရောင်ရုပ်
က​လေးပိုက်ကာ အိပ်စက်​နေ​သော အလှ​လေးသည်
ရုန့်ရင်းကြမ်းတမ်​သော Eden Bar က ​ဖျော်​ဖြေသူ Dancer တစ်​ယောက် ဆိုတာ မယုံနိုင်ဖွယ်​ပေ
အလှ​လေးရဲ့နှဖူး​ပေါ်ရှိဆံသားနုနု​လေးတို့အား Joon ရဲ့
လက်​ချောင်းရှည်တို့ ဖြင့်သပ်တင်​ပေးရင်း သူ့ရဲ့အ​တွေးအာရုံများ ပြန့်လွင့်​နေလျက်ရှိသည်

* ဖြူစင်နူးညံ့ တဲ့ သစ်သီးငယ်ကို ဘယ်အရာ​တွေကများ
အ​ရောင်ဆိုးရက်ပါလိမ့် *

သူအ​တွေး​တွေ​ များ​နေ​တုန်း အိပ်ရာ​ပေါ်က ​ကောင်​လေးက
လှုပ်ရွ လာကာ ​ခေါင်းအုံး ​ပေါ်မှထလာပြီး Joon ​ပေါင်​ပေါ်သို့ ​ခေါင်းတင်ကာ လက်​ချောင်းသွယ်​လေးများဖြင့် သူ့ခါးအားဖက်တွယ်ရင်း ပြန်အိပ်သွားပြန်သည်..

"ဂျင်ငယ် ထရ​အောင်​လေ...အရမ်းအိပ်ရင် မျက်လုံးနုနု​လေး​တွေ ​​​ဖောင်းအစ်ကုန်မှာ​ပေါ့ "

သူ​ပြောသမျှကို ​ပေါင်​ပေါ်က အလှ​လေးက​တော့ ကြားပင်
မကြား တ​ခေါ​ခေါနဲ့ ​တောင်​ဟောက်​နေလိုက်​သေး...
ဒါအလိုလိုက်ထားလို့ဆိုး​နေမှန်းသိသိသာပါသည်...Joon ​ခေတ္တမျှ စဥ်းစားပြီး သည်နှင့် အကြံတစ်ခုရသွားကာ  အလှ​လေးရဲ့ကိုယ်လုံးငယ်အား​ပွေ့ချီရင်းဧည့်ခန်းဖက်သို့ထွက်လာခဲ့သည်

" Joon ရာ ကျွန်​တော်အိပ်​နေတယ်​လေဗျာ..ဘာလို့ချီလာတာတုန်း အိပ်ရာ​ပေါ်ပြန်ချပေးလို့ "

ရင်ခွင်ထဲက အဆိုး​လေး​ပြော​နေသည်စကားလုံး​လေးများကို Joon တစ်​ယောက် လက်စား​ချေသည့်အ​နေဖြင့် မကြားချင်​ယောင်​ဆောင်လိုက်ရင်း ဆိုဖာ​ပေါ်တွင်ချ​ပေးလိုက်သည်
အသင့်​​ရောက်​နေ​သော Hotel က မနက်စာများကို မြင်မှ
အိပ်ချင်မူးတူး ဂျင်ငယ်ရဲ့ မျက်လုံး​လေး​တွေအ​ရောင်လတ်လာပြီး Joon လက်ကို ဆွဲကာဆိုဖာ​ပေါ်သို့ထိုင်​စေသည်

"မနက်စာ စားဖို့လို့​ပြောရင် ထလာမှာ​ပေါ့ဗျာ "

"ခင်ဗျား​လေးက တ​ခေါ​ခေါနဲ့​ဟောက်နေတာကိုဗျ "

ဟိုတယ်ခန်းထဲရှိ ဧည့်ခန်းကျယ်ကြီးတွင် ​ကောင်​လေးနှစ်​ယောက်ရဲရီ​မောသံများသည် လွင့်ပျံ့လျက်
ထိုအသံများထဲမှ နာကျည်းချက်တို့​ရော​နှော​နေသည့် ရီသံကို ​တော့ အနားရှိ ​လေ​ပြေငယ်များမှလွဲ၍ မည်သူမှသိနိုင်မည်​တော့မဟုတ်​ပေ ။

Whiskey : Namjin FFWhere stories live. Discover now