Part 1 💎

710 55 2
                                    

Knock Knock ....

🦋 Asahi .....Asahi .......

စောစောစီးစီး အခန်းပြင်မှတံခါးခေါက်သံကို Asahi အခန်းထဲမှကြားလိုက်ရသည်
မနက်စောစော အခန်းတံခါးလာခေါက်သူ‌ဆို Harutoကလွဲရင် မည်သူ ရှိနိုင်ပါမည်နည်း...
buildingကို သွားဖို့အတွက် ကားအတူစီးတတ်တဲ့ Rutoက ဒီမနက်ခင်းမှာလဲ ထုံးစံအတိုင်း Dorm 3ကို ရောက်လာလေပြီ....

🦋“အခုထိ မပြီးသေးဘူးလား??

သူ့ရဲ့ အသံခပ်ဩဩနဲ့ မကျေမချမ်းသံကို တံခါးဖွင့်ပေးလိုက်တာနဲ့ တပြိုင်ထဲကြားရတော့သည်။

😺 ပြီးပြီလေ ... Jaehyuk တို့ကိုစောင့်နေတာ

စောစောသွားချင်ရင် Hyunsuk hyungတို့နဲ့အတူသွားတာမဟုတ်ဘူး

Asahi ရဲ့ပြန်လည်ချေပ သံကို Harutoမျက်စောင်းတစ်ချက်သာ ခပ်ရွဲ့ရွဲ့ထိုးလိုက်သည်။အတူသွားချင်လို့  တကူးတက ရောက်အောင်လာတာကို ဝင်၀င်ချင်းဆောက်နဲ့ထွင်းနေသလိုပင် ....

🦋 Teume တွေကို ‌ကြုံရင်ပြောပြရမယ် အဆာဟိက အကျင့်မကောင်းဘူးးး

😺 ဒါလေးပြောတာကို အကျင့်မကောင်းတာဖြစ်ရောလား....

နေ့စဉ်နဲ့အမျှ စကားနိုင်လုလိုက် ပြန်တည့်လိုက် ဖြတ်သန်းနေရသော အချိန်တွေပင်။ တစ်ယောက်‌ ဘေးနား တစ်ယောက်ရှိနေပေးရင်း ...တစ်ယောက်အကြောင်း တစ်ယောက်နားလည်ပေးနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်ထက်ပိုသော သေးငယ်တဲ့ ကိုယ်ပိုင်ကမ္ဘာလေးထဲမှာ အတူနေထိုင်နေကြတဲ့သူ‌တွေဖြစ်သည်။

Building ‌ထဲ၀င်တာနဲ့အလုပ်ကိုယ်စီလုပ်ကိုင်နေကြသော ၀န်ထမ်းအချို့က လှုပ်ရှားသွားလာနေကြသည်။ ဂျပန်က ရောက်ခါစနဲ့ ယှဉ်ရင်တော့ ကိုရီးယားမှာနေရတာ နေသားကျလာသည်ဟု ပြောရမည်။
တွေ့နေတဲ့၀န်ထမ်းတွေကို နှုတ်ဆက်ရင်း A_2 Studio သို့ တန်းမတ်စွာ‌သွားကြသည်....

အခန်းတွင်းထဲ ၀င်လိုက်တာနဲ့ အနည်းဆုံးတော့ စိတ်သက်သာရာရသွားတဲ့စိတ်ကလေးပေါ်လာသည်။သူစိမ်းတွေရဲ့ မျက်လုံး‌ေတွကြားမှာ ဒေါက်ထောက်အကြည့်ခံလာရတာမို့ studioက သူ့တို့အတွက် သီခြားကမ္ဘာလေးတစ်ခုလိုပေါ့...

THE LITTLE OWN WORLD [hasahi]Where stories live. Discover now