Happy Birthday Hikun (special episode)

292 35 2
                                    

fan artလေး သဘောကျတယ်မလား
Twitter Artistတစ်ယောက်ဆွဲထားတဲ့ fan artလေးပါ ♡(> ਊ <)♡ ဘေးမှာ jazz piano musicလေးရှိပါတယ်

ဒီအပိုင်းကတော့ special episodeဖြစ်တာကြောင့် အရင်ကအပိုင်းတွေနဲ့ကွဲပြီး sweetဖြစ်အောင် ရေးထားပါတယ် ဒါကြောင့် hasahistတစ်ယောက်မဟုတ်ဘူးဆိုရင်လည်း မဖတ်လို့ရပါတယ်ရှင့် 。◕‿◕。

~~~~~~~~~~~~~~~~~~~~~~~~~~~

August 18,[  2030  ]

8:00pm Paris[ France] 🛬

လေဆိပ်ကို ဆင်းသည်နှင့် ပဲရစ်မြို့ရဲ့ ဩဂုတ်လညပိုင်းအခြေအနေကအနည်းငယ်လေး နွေးထွေးနေသည်။ Rutoက မိုးရာသီကို မုန်းတဲ့အတွက် အခုရာသီဥတုအခြေအနေနဲ့ကိုက်ညီမှုရှ်ိသည်ပဲပြောရမလား ၊ ဒါမှမဟုတ် တစ်ယောက်သော‌သူ နေထိုင်ရာမြို့မို့လို့ သူ့ရဲ့ပတ်၀န်းကျင်ဟာ အလိုလို လိုက်လျောညီထွေမှုရှိ‌နေသလား မပြောတတ်ပါပေ။

ပွဲဦးထွက်ပြီး ၁၀နှစ်တာဆိုတဲ့အချိန်ကာလဟာ အနည်းငယ်တော့ရှည်လျားလှသည် ။
Fanတွေနဲ့ အတူ စတိတ်ပေါ်မှာ ပျော်ရွှင်‌ခဲ့ရတဲ့အချိန်တွေကိုတော့ ကောင်းကောင်းမှတ်မိပါသေးသည်
rookieဆိုတဲ့ တစ်ချိန်ကidolပေါက်စလေးတွေဘ၀ကနေ ၁၀နှစ်အထိ idolလောကမှာ ကျင်လည်ခဲ့ရင်း အခုဆိုကမ္ဘာက အသိအမှတ်ပြုတဲ့Kpop Artistတွေအဖြစ် နေရာတကျတည်ရှိနေသည်
မန်ဘာတွေတစ်ချို့ကတော့ career အသစ်အနေနဲ့   actor ဘက်၊သို့မဟုတ် solo album ထွက်ရှိပြီး ကိုယ်သဘောကျရာ လုပ်ငန်းတွေကို လုပ်ဆောင်နေရင်း Rutoကတော့ modelingလောကထဲ ရပ်တည်နေဖြစ်တာ အခုဆိုရင် အချိန်အတိုင်းအတာတစ်ခုထိ တောင် ရောက်နေခဲ့ပါပြီ

အားလုံးထဲမှာ Asahiကတော့ လွန်ခဲ့တဲ့၁၀နှစ်က သူပြောခဲ့ဖူးတဲ့ Studioတစ်ခုကို Paris မှာပဲ ဖန်တီးယူခဲ့သည်။

မန်ဘာတွေကတော့ အားတဲ့အချိန်မျိုးမှာ video callတွေပြောရင်း ၊ တစ်ချိန်က စတိတ်စင်ပေါ်ကအမှတ်ရစရာတွေပြောရင်းနဲ့ ဘ၀ရဲ့stressတွေကို ဖြေဖျောက်တတ်ကြသည်

ခရီးဆောင်အိတ်ရဲ့ ဘီးလေးကတော့ Rutoရဲ့ခြေလှမ်းတွေနှင့် ထပ်ကြပ်မကွာ လိုက်ပါလာသည်။

အဝေးက ကြည့်ရင်တောင် ကလေးကအစ idolတစ်ယောက်အနေနဲ့ ပဲ မြင်မိအောင်
အရပ်ရှည်ရှည်နဲ့ ခန္ဓာကိုယ်အချိုးအစားတို့က ပို၍ကြည့်ကောင်းလာသည်။
Maskအနက်ရောင်ကို တပ်ထားပြီး သဘောကျတဲ့ Dior အိတ် ခဲရောင်ဖျော့ဖျော့ကိုလွယ်ထားသည်
ဆံပင်တွေအားလုံးကို လှန်တင်ထားပြီး Sunglassesအနက်ရောင်တို့က လှပတဲ့မျက်ခုံးရှည်ရှည်တွေရဲ့အလှကို ပို၍ပေါ်လွင်နေစေသည်

You've reached the end of published parts.

⏰ Last updated: Apr 09, 2023 ⏰

Add this story to your Library to get notified about new parts!

THE LITTLE OWN WORLD [hasahi]Where stories live. Discover now