part 2

361 43 6
                                    

“Ruto yaa...ငါ Doyoungရဲ့ Hoverboardလေးသဘောကျလို့ ၀ယ်ချင်တယ်”

“ဟိုတလောကပဲ စက်ဘီး၀ယ်ထားသေးတယ်မဟုတ်ဘူးလား?

Rutoက စင်ပေါ်က Cola ဘူးတစ်ခုကိုဆွဲယူရင်းပြောသည် ...
အစ်ကိုSahiက ပစ္စည်း၀ယ်ရင် လက်စလက်နကြီးသူမို့ လိုက်သတိပေးခြင်းသာ....

“မသိဘူး ...ငါbuilding ထဲ‌ ပတ်နေရတာ ခြေထောက်ညောင်းတယ်”

မျက်နှာကိုရှုံ့ကာပြောလာသော ‌ကြောင်ပေါက်စလေးကြောင့် Ruto  လည်းစိတ်ပါလာသည်သာ...

“အဲ့တာဆို ကျွန်တော်လဲ၀ယ်မယ်လေ”

phone ၀ယ်တော့လည်းအတူတူ တခြားပစ္စည်းတွေလဲ အတူ၀ယ်ဖြစ်သည်မို့ ဒီတစ်ခါလဲ Hoverboardပါ အတူ၀ယ်ချင်သည်။
Hoverboardကတော့ Online Shopက‌ နေ တစ်ဆင့်မှာယူရင်းDeliveryကိုသာစောင့်ရတော့မည်ဖြစ်သည်...

“ကျွန်တော်က နွေရာသီအတွက် အကင်္ျီတွေလိုချင်နေတယ် Asahiလိုက်ခဲ့ပေးဦး”

“ဒီညနေmember တစ်ယောက်ရဲ့ Day Live ထဲ အတူလာဖို့ခေါ်ထားသေးတယ်လေ "

“အဲ့ဒါကတခြားmemတွေနဲ့လဲရပါတယ် ..
ကျွန်တော်က အစ်ကိုပါမှရမှာလို့ ”

Ruto Shoppingထွက်ရင်တော့ အမြဲပါနေကျသူက Sahiပဲလို့ Jihoon hyungနဲ့ Hyunsuk hyungက ထုတ်ပြောတာလဲမဆိုး။ K စကားမကျွမ်းဘဲနောက်ကလိုက်ရပ်နေရင်တောင် သူ့မှာ အား‌ရှိနေသယောင်ပင်။တကယ်ဆို ကျန်တဲ့Koreaမန်ဘာတွေလဲ သူခေါ်လို့ရတာကို

Debutပြီး idol lifeနဲ့ Debutမလုပ်ခင်ကနဲ့ ဘာကွာခြားလဲဆိုရင် Debutပြီးတော့ buildingအသစ်ထဲပြောင်းတာကနေစတာပဲ ။ချက်ချင်းတခြားဘ၀တစ်ခုကို ဖြတ်ခုန်ကူးလိုက်သလိုပေါ့
ခုဆိုရင်အပြင်ထွက်ဖို့မပြောနဲ့ building ရှေ့ကားထဲက ဆင်းရင်တောင် fanတွေက အများကြီးနေ့ညမပြတ်ရှိနေကြတာ..
အရင်က ဆို သွားချင်တဲ့အချိန်သွား လာချင်တဲ့အချိန်လာပဲ

အခုအစီအစဉ်အရ..မန်နေဂျာအစ်ကိုကိုပြောပြီးတော့ Shopping centerဘက် ပတ်မောင်းရမည်သာ

နှစ်ယောက်ထဲရှိချိန်ဆို ဂျပန်လိုပဲပြောတတ်သည်မို့ ကားရှေ့ခန်းထဲက ကားမောင်းတဲ့အစ်ကိုကြီးကတော့ သူတို့ကိုနားလည်မည်မဟုတ်ပါ..

“Capကိုနည်းနည်းငိုက်လိုက်ဦးလေ”

လက်မြန်ခြေမြန်နဲ့ Rutoက Sahi ရဲ့ Capကိူဆွဲချတော့ မျက်လုံးဝိုင်းလဲ့လဲ့လေးတွေက လိုက်ကြည့်ပြီးဘာမှမပြော...
မျက်နှာကသေးသေး အရပ်ကလည်းသူနဲ့ယှဉ်ရင် အနည်းငယ်ပုနေသည်မို့ မသိရင် Sahiက ညီလို့တောင်ထင်‌ခံနေရမှာလေ..

“Sahi သိလား?? ဂျပန်မှာဆို
မေမေကပဲ အထည်တွေရွေးပေးနေကျဆိုတော့ ဒီမှာ ရွေးချင်စိတ်ရှိမနေဘူး"

Rutoက ပုံမှန်ဆို Travis Scottရဲ့  Clothingတွေပဲ မှာယူ၀ယ်လေ့ရှိသည်
ခုက နွေရာသီမှာပေါ့ပေါ့ပါးပါး၀ယ်ချင်သည်ဆိုလို့သာ...

“..... ”

Sahiဆီက ဘာမှအသံပြန်မကြား
ဘာမှပြန်မပြောဘဲ အကင်္ျီတွေသာ ရွေးနေသည်....

“ဒါနဲ့လိုက်တယ် ယူလိုက်”

"ဝိုး.....ကျွန်တော့်အကြိုက်ဘယ်လိုသိတာလဲ?

မိုးပြာရောင်Shirtပေါ်မှာ ကျွန်တော့်အကြိုက်butterflyလေးတွေနဲ့

"Butterflyလေးတွေ ပါလို့လေ "

ပါးစပ်ကသာမပြောတာ သူ့ညီကြိုက်တာမှန်သမျှ အကုန်သိနေတဲ့ Sahi Hyung..
လေးငါးထည်လောက်Rutoစိတ်ကြိုက်ရွေးပြီးမှ ... မုန့်ဆိုင်တန်းဖက်တွေဆီရောက်လာသည်...

Buildingရဲ့ mini store မှာက တခါတလေCokeတွေ ပြက်တောက်နေတာ ...

Ruto ဈေးခြင်းထဲထည့်သွင်းလာတဲ့ Cola. ဗူးတွေကြောင့် Sahi တစ်ယောက်မျက်လုံးပါပြူးလာရသည်။

"များလိုက်တာ ...

Sahiက ခြင်းထဲက Cola ဗူးတစ်ချို့ကို ပြန်တင်ထားတော့ ဈေးခြင်းတစ်ဖက်နဲ့ Rutoက Sahi လက်ကိုတားယူသည်။

"ဘာဖြစ်လဲ Buildingမှာကတစ်ခါတလေ ပြတ်နေတဲ့ဟာကို

"မင်းဟာက အရမ်းများတယ်လို့

Rutoက ဆွဲထားတဲ့လက်ကိုမလွှတ်တော့ Sahiလက်ထဲမှာလဲ Cola ဗူးတွေနဲ့
တခြားဈေး၀ယ်သူတွေတောင်သူတို့အခြေအနေကို မသိမသာကြည့်တဲ့သူကကြည့်သွားကြသည်..

"တော်ကြာTreasureရဲ့ မန်ဘာ
နှစ်‌ေယာက် ဈေး၀ယ်စင်တာထဲမှာCola ဗူးတွေလုနေကြတယ်လို့သတင်းတွေတတ်လာရင် မကောင်းဘူး...

Ruto ညစ်ကျယ်ကျယ်ကပ်ပြောလိုက်မှ Sahiရဲ့ လက်တွေက အလျှော့ပေးလိုက်သည် ...

Rutoက အောင်နိုင်သူအပြုံးနဲ့ Colaဗူးတွေ ဈေးခြင်းတောင်းထဲထည့်သည်။

.....

~~~~~~~

THE LITTLE OWN WORLD [hasahi]Where stories live. Discover now