Knock Knock ....
🦋 Asahi .....Asahi .......
စောစောစီးစီး အခန်းပြင်မှတံခါးခေါက်သံကို Asahi အခန်းထဲမှကြားလိုက်ရသည်
မနက်စောစော အခန်းတံခါးလာခေါက်သူဆို Harutoကလွဲရင် မည်သူ ရှိနိုင်ပါမည်နည်း...
buildingကို သွားဖို့အတွက် ကားအတူစီးတတ်တဲ့ Rutoက ဒီမနက်ခင်းမှာလဲ ထုံးစံအတိုင်း Dorm 3ကို ရောက်လာလေပြီ....🦋“အခုထိ မပြီးသေးဘူးလား??
သူ့ရဲ့ အသံခပ်ဩဩနဲ့ မကျေမချမ်းသံကို တံခါးဖွင့်ပေးလိုက်တာနဲ့ တပြိုင်ထဲကြားရတော့သည်။
😺 ပြီးပြီလေ ... Jaehyuk တို့ကိုစောင့်နေတာ
စောစောသွားချင်ရင် Hyunsuk hyungတို့နဲ့အတူသွားတာမဟုတ်ဘူး
Asahi ရဲ့ပြန်လည်ချေပ သံကို Harutoမျက်စောင်းတစ်ချက်သာ ခပ်ရွဲ့ရွဲ့ထိုးလိုက်သည်။အတူသွားချင်လို့ တကူးတက ရောက်အောင်လာတာကို ဝင်၀င်ချင်းဆောက်နဲ့ထွင်းနေသလိုပင် ....
🦋 Teume တွေကို ကြုံရင်ပြောပြရမယ် အဆာဟိက အကျင့်မကောင်းဘူးးး
😺 ဒါလေးပြောတာကို အကျင့်မကောင်းတာဖြစ်ရောလား....
နေ့စဉ်နဲ့အမျှ စကားနိုင်လုလိုက် ပြန်တည့်လိုက် ဖြတ်သန်းနေရသော အချိန်တွေပင်။ တစ်ယောက် ဘေးနား တစ်ယောက်ရှိနေပေးရင်း ...တစ်ယောက်အကြောင်း တစ်ယောက်နားလည်ပေးနိုင်တဲ့ လုပ်ဖော်ကိုင်ဖက်ထက်ပိုသော သေးငယ်တဲ့ ကိုယ်ပိုင်ကမ္ဘာလေးထဲမှာ အတူနေထိုင်နေကြတဲ့သူတွေဖြစ်သည်။
Building ထဲ၀င်တာနဲ့အလုပ်ကိုယ်စီလုပ်ကိုင်နေကြသော ၀န်ထမ်းအချို့က လှုပ်ရှားသွားလာနေကြသည်။ ဂျပန်က ရောက်ခါစနဲ့ ယှဉ်ရင်တော့ ကိုရီးယားမှာနေရတာ နေသားကျလာသည်ဟု ပြောရမည်။
တွေ့နေတဲ့၀န်ထမ်းတွေကို နှုတ်ဆက်ရင်း A_2 Studio သို့ တန်းမတ်စွာသွားကြသည်....အခန်းတွင်းထဲ ၀င်လိုက်တာနဲ့ အနည်းဆုံးတော့ စိတ်သက်သာရာရသွားတဲ့စိတ်ကလေးပေါ်လာသည်။သူစိမ်းတွေရဲ့ မျက်လုံးေတွကြားမှာ ဒေါက်ထောက်အကြည့်ခံလာရတာမို့ studioက သူ့တို့အတွက် သီခြားကမ္ဘာလေးတစ်ခုလိုပေါ့...