😘အချစ်ကြောင့်လား
ကိုယ့်နှလုံးသားလေးခုန်နေတယ်😘(၁)
....ဘောစ့် မနက်ဖြန်ဆို မြန်မာပြည်ပြန်ဖို့ အားလုံး အဆင်သင့်ဖြစ်ပါပြီ။
ကောင်းပြီ နေ့သစ် ကျေးဇူးပါပဲ....
ဗျာ.....နေ့သစ် တစ်ယောက် တခါမှမကြားခဲ့ရ
ဘူးတဲ့ ဘောစ့်ဆီက ကျေးဇူးတင်စကားကြား
လိုက်ရတော့ ဗျာဆိုတဲ့ အာမေဍိတ် သံထွက်လာတဲ့အထိပင်...ဘော့စ်နဲ့ နေလာတဲ့ ၅နှစ်တာ ကာလအတွင်းမှာ
ဘယ်သူ့ကိုမှ ကျေးဇူးတင်ပါတယ်လို့ ဘောစ့်က
မပြောခဲ့ဘူးပေ...အားလုံးကသူ့ကို ကျေးဇူးတင်
ရတာတွေကြောင့်.....ဘော့စ်ဆိုတဲ့....ကျွန်တော်ရဲ့သူဌေး ..
သူဌေး လို့သာပြောရတယ်..အသက်က ၂၅ပဲ
ရှိသေးသည်။ နိုင်ငံခြား ကုမ္ပဏီ တွေနဲ့ ဖက်စပ်
လုပ်တာကြောင့် အမြဲလို နယူးယောက်မှာ
အနေများပြီး...ထိုင်း...စင်္ကာပူ...မလေးရှား
ကိုးရီးယားခရီးစဉ်တွေလဲ အမြဲလိုသွားရသည်။သူတည်ထောင်ထားတဲ့ ကုမ္ပဏီ က AIAလို့
ခေါ်တဲ့ နိုင်ငံတကာဖက်စပ်ဖြစ်သည်။သူ့ရဲ့ နာမည်ကတော့...PerthTanapon
တဲ့...စူးရှတောက်ပတဲ့ အညိုရောင်မျက်ဝန်း
တစ်စုံ...မျက်တောင်မွှေးရှည်ရှည်တွေက တမင်
ပြု့စုထားတာမဟုတ်ပါပဲ ရှည်ပြီးကော့နေတာ
မျိုး...အချိုးအစားကျတဲ့ခန္ဓာကိုယ်...မြင်သူတိုင်း
နှစ်ခါပြန်ငေးလောက်ရတဲ့ ချောမောတည်ကြည်
ခန့်ညားမူ့ တခါလေ ယောက်ျားချင်းတောင်
ပြန်ငေးရလောက်အောင် ချောတဲ့အထိပင်...
အလုပ်လုပ်ရာတွင်လဲ ပြတ်သားသည်
အလုပ်နဲ့လူမူ့ရေး လုံးဝမရောထွေးသလို
အလုပ်နဲ့လူမူ့ရေး ရောထွေးသူတွေကိုလဲ အရမ်း
မုန်းတတ်သည်။ လူတစ်ဖက်သားအပေါ်
ကောင်းပေမယ့် ခပ်တည်တည်ခပ်တင်းတင်း
နဲ့ နေတတ်တဲ့သူဖြစ်ပြီး...စကားအများကြီးပြော
ရတာကို မကြိုက်တဲ့သူလဲဖြစ်သည်။'နေ့သစ်...နေ့သစ်”
'နေ့သစ်တွေးနေစဉ်မှာပင်...ဘော့စ်ရဲ့ခေါ်သံ
ကြောင့်...အလန့်တကြားဖြစ်သွားရပြီး...ဗျာ
ဘောစ့်....'"မင်းသွားနားလို့ရပြီ..."
"ဟုတ်ကဲ့ ...ဘောစ့်"
