LIE:3

712 42 0
                                    


တစ်ပတ် ဒီတစ်ပတ်အတွင်း အရာအားလုံးပြောင်းလဲခဲ့တယ် အကိုနဲ့လည်းပိုခင်လာတယ်။ အကိုနဲ့စကားပြောရင် အကို့ကိုငေးကြည့်ရတာအမော အကိုကိုချစ်နေမိပြီထင်တယ်။

"ဂျောင်ကု ဒီနေ့တူတူပြန်ရအောင်လေ"
ပတ်ချွဲနှပ်ချွဲအသံနဲ့ခေါ်လိုက်သောကောင်မ

". . . . . "

"နော်လို့ဂျောင်ကုနော် ငါကားကဒီနေ့လာမကြိုလို့"

"အင်း လိုက်ချင်လိုက်ခဲ့ပေါ့"

"ဟိုမှာကားလာပြီ လာသွားရအောင်"
ဆိုပြီးအတင်းဆွဲခေါ်သွားတဲ့ဟာမ အကိုကတော့တနဂ်နွေနေ့တွေ့မယ်ဆိုတာပြောဖြစ်အောင်ပြောသွားသေး

"ဆိုမီရေတနင်္ဂနွေနေ့ကြရင် တွေ့မယ်နော်"

"ဟုတ်ကဲ့ အကို"

"ဟဲ့ ဂျီယောင်းအဲ့တစ်ယောက်ကဘယ်သူလည်း"

"သူက ဂျောင်ကုအကိုတို့အတန်းထဲကဘဲလေ သူမိဘတွေနဲ့jungkookမိဘတွေကခင်ကြတယ် အရမ်းချမ်းသာက ပဲကလည်းအရမ်းများ နာမည်တော့ငါမသိဘူး"

"ဒါနဲ့ နင့်crushကြီး ကိုနမ်ဂျွန်းနဲ့ရောအဆင်ပြေလား"

"သူကဒီနေ့ကျောင်းမလာဘူးလေ လွမ်းလွန်းလို့သေတော့မယ်"

"တော်တော်ဖြစ်နေတာ"
အတွေးထဲမှာတော့ခုနကပုံရိပ်တွေကိုဘဲပြန်မြင်ယောင်နေတယ်
Jungkookတို့မိဘတွေကကုမဏီပိုင်ရှင်တွေလေ သူတို့သားကိုလက်ထပ်ပေးရင်ချမ်းသာတဲ့သူနဲ့လက်ထပ်ပေးမှာပေါ့ ဟိုကလှလည်းလှတယ် ငါလိုပုံမလာပန်းမလာလူကိုပြန်ချစ်ပါဦးမယ်။

"ငါညီမလေးမျက်နှာမကောင်း ဘယ်သူကဘာလုပ်လိုက်လို့လည်း အဲ့ကောင်ကိုအကိုသွားလုပ်မယ်"

"အကိုညီမက အသည်းကွဲနေတာ"

"ဘာလည် ဟိုဂျောင်ကုတ် ဆိုလား ဂျောင်ကွတ်ဆိုလားအဲ့ကောင်လုပ်တာလား"

"ဘယ်သူမှလုပ်တာမဟုတ်ဘူး ပြီးတော့ဂျောင်ကွတ်မဟုတ်ဘူး ဂျောင်ကု သု့နာမည်က တော်ပြီးအိမ်ပြန်တော့မယ်" ပြောချင်ရာပြောပြီး အရှေ့ကထွက်သွားတော့သည်

"ဟဲ့ ငါခဏစောင့်ဦး ဆိုမီ"

____________________________

ဒီနေ့အကိုတိုနဲ့ရုပ်ရှင်သွားကြည့်ရမဲ့နေ့ လှလှလေးဝတ်သွားရမယ်
ဘာလေးဝတ်ရင်ကောင်းမလဲ ဂါဝန်ဝတ်ရမလား ဒါမှမဟုတ် လူငယ်စတိုင်လေးဝတ်သွားရမလား . . . .

"LIE"Where stories live. Discover now