LIE:5

709 42 0
                                    

ထယ်အတိတ်ကနာကျင်စရာတွေစီ အတွေးတွေလွန်ရင်းအိပ်ပျော်သွားတာ 10နာရီတောင်ထိုးနေပြီ
"ဟင် 10နာရီတောင်ရှိပြီ ဗိုက်ဆာလိုက်တာ"
အိမ်ထိန်းအဒေါ်ကြီးကလည်းမရှိဘူးဒီအချိန်ဆိုပြန်သွားပြီလေ

အောက်ထပ်ကိုဆင်းပြီးရေသောက်ပြီးနာရီကိုတစ်ချက်လှမ်းအကြည့်
သူအခုထိပြန်မလာသေးဘူးလား သူဟာသူပြန်လာလာမလာလာ ငါနဲ့မှမဆိုင်တာ စိတ်ထဲမှာစကားတွေပြောရင် အပေါ်သို့ပြန်တက်မယ်အလုပ်

*တီ တီ အိမ်ရှေ့ကကားအသံ
ကားပေါ်ကနေမိန်းမတစ်ယောက်ကတွဲလာတဲ့ဂျောင်ဂု
"ဒါလင် ဖြည်းဖြည်းချော်လဲဦးမယ်" ချွဲချွဲပစ်ပစ်အသံဖြင့်
"ရပါတယ် အချစ်ကလည်း ကိုက အေ့  အဆင်ပြေတယ်"

ဒီနေ့ဘဲလက်ထပ်တယ် အခုကောင်မတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာတယ် နင်ဘာတွေလုပ်နေတာလည်းဂျောင်ကုရယ် အေးလေဒါကသူအိမ်ဘဲ သူလုပ်ချင်ရာ လုပ်မှာပေါ့။

"ပေး ပေးငါ့ကိုပေး ငါလိုက်ပို့လိုက်မယ်နင်လည်းပြန်တော့" သူတို့ကိုကြည့်မနေနိုင်တော့လို့ဂျောင်ကုကိုထယ် ဝင်တွဲလိုက်တယ်

"နင်က ဒါလင်ကိုအတင်းယူထားတဲ့ပိုင်လုံးကောင်မလားကို့နေရာကိုယ်သိ"

"ကို့နေရာကို သိရမှာနင်လေ ဒါကငါနဲ့တရားဝင်လက်ထပ်ထားတဲ့သူ"

"ဘာလည်းအနာထိလို့စပ်သွားတာလား ပိုင်လုံးကောင်ရဲ့"

"နင်စကားပြောတာ ရိုင်းမလာနဲ့ သူများအိမ်ပေါ်လည်းလာသေး နင်ကမှအဆင်မရှိတဲ့ကောင်မ" အဲ့ကောင်မကိုလက်နဲ့ရိုက်ဖို့ထယ်ရွယ်လိုက်စဉ်မှာဘဲ

အဲ့ကောင်မ မျက်နှာပေါ် မရောက်ခင် ထယ့်လက်ကိုဖမ်းဆွဲလိုက်တဲ့ ဂျောင်ဂု
"မင်း သူ့ကိုထိစရာဘာအကြောင်းမှမရှိဘူး သူပြောတာလည်းဟုတ်တာဘဲမင်းငါ့ကိုချစ်လို့လက်ထပ်ခဲ့တာမှမဟုတ်တာ "

အဲ့လိုပြောပြီးထယ်လက်ကိုကြမ်းပြင်ပေါ်လက်ဆွဲ့ဆောင့်ပြီးပစ်ချလိုက်တဲ့ဂျောင်ဂု
"မင်းလည်းပြန်တော့ မနက်ဖြန်မှထပ်တွေ့မယ်"
"ok bye byeဒါလင်"

"ဒီမှာထယ် မင်းနဲ့ငါနဲ့ကဘာမှမဆိုင်ဘူး ငါ့ကိုလိုက်ထိန်းချူပ်မနေနဲ့ ဒီနေ့ကစပြီးငါလုပ်ချင်တာလုပ်မှာ"

"LIE"Where stories live. Discover now