LIE:9

644 35 1
                                    

ဒီနေ့ကကုမဏီ10 year partyနေ့မလို့ ဝတ်သွားမဲ့
အကျီကိုရွေးနေရသည်။ နောက်ဆုံးတော့ကိုယ်နဲ့လိုက်မယ် အကျီအဖြူ ကွက်ကျားဝမ်းစက်လေးပေါ်မှာကုတ်အပြာနုလေးထက်ဝတ်လိုက်သည်။ထိုနောက်မှန်ကြည့်ပြီးဆံပင်တွေဘာတွေပြင်ကာpartyကိုထွက်လာခဲ့သည်။

partyရောက်တော့လူတွေတောင်စုံနေပြီ ကိုယ်လည်းအထဲရောက်တော့ ဘယ်နားသွားရမှန်းမသိ အဲ့တာနဲ့ကိုယ်နဲ့ခင်တဲ့ဝန်ထမ်းတွေရဲ့ဝိုင်းထဲဝင်လိုက်တော့တယ်

"ထယ်ကဒီနေ့အရမ်းမိုက်ပြီးလှနေပါလား"

"အေးဟာ ငါတောင်ကြွေလာပြီ"
ကောင်မလေးတစ်ယောက်ကအဲ့လိုပြောလိုက်တော့

"နင်ကအဆင်တိုင်းကြွေနေတာပါဟယ်"
ကောင်လေးတစ်ယောက်ကပါဝင်ပြောလိုက်တော့ထရီကုန်ကြတော့တယ်

ထယ်လည်း ရီရင်း ဟိုဘက်ကိုကြည့်လိုက်တော့ ဂျောင်ဂုကိုကောင်မလေးတစ်ယောက်နဲ့ရီမောစကားပြောနေတာတွေ့လိုက်တယ်
ထယ်လည်းသိချင်တာနဲ့ဘေးကကောင်မလေးကိုမေးလိုက်တယ်

"ဟိုကCEOဘေးကကောင်မလေးကဘယ်သူလည်း?"

"အော် သူလား သူကCEOနဲ့စေ့စပ်ထားတဲ့သူတဲ့ အရင်နေ့လောက်ကမှနိုင်ငံခြားကပြန်လာတာ" ကောင်မလေးကအရက်သောက်‌ေနရင်းပြန်ဖြေတယ်

ထယ်လည်း ဘာလို့မှန်းမသိအဲ့ဘက်ဝိုင်းဆီအကြည့်ထပ်ရောက်သွားပြန်သည် ။
ဂျောင်ဂုနဲ့အဲ့ကောင်မလေး ရီမော‌မောစကားပြောနေတာကြည့်ပြီး သူ့ရင်ဘတ်ထဲကပူလောင်လာသည် ထယ်လည်း ဘေးနားကကောင်လေးတစ်ယောက်ထည့်ထားတဲ့အရက်ခွက်ကိုယူမော့လိုက်သည်။

"ထယ်အဲ့အရက်ကပြင်းတယ်နော် မင်းသောက်နိုင်လို့လား"

"ရတယ် ငါသောက်နိုင်တယ်" 
ပြောရင်းနောက်တစ်ခွက်ထပ်မော့လေတယ် အရက်ကလည်ချောင်းထဲ ရောက်တော့ပူပူကြီးဖြစ်သွားပေမဲ့ ခနကဂျောင်ဂုကိုကောင်မလေးနဲ့ ရီရီမောမောမြင်လိုက်ရတဲ့ ရင်ထဲကအပူလောက်မပူဘူး။

ထယ် သုံးခွက်လောက်ဘဲသောက်ရသေး မူးနေပြီ အဲ့တာကိုဆက်သောက်မယ်ဆိုပြီးခွက်ကိုကောက်ကိုင်လိုက်တော့

"LIE"Where stories live. Discover now