*ခင်မင်မှုတစ်ခု...ချစ်ခြင်းတစ်ခုတွင်... အကွာအဝေးနှင့် ဖြစ်တည်ခြင်းဆိုသော အကြောင်းအရာက မဆိုင်သလို ခပ်ခွာခွာ ဖြစ်နေတတ်သည် *
------------------------------------------------------------1940 Dec 2
~~~~~~~~~~ပစိဖိတ်သမုဒ္ဒရာကြီး အတွင်း စုန်ချည်ဆန်ချည် ခုတ်မောင်းနေသော ခရီးသည်တင် သဘော်ကြီးသည် အတော်အတန်ပင် ခရီးပေါက်ရောက်နေပြီဖြစ်သည်
မကြာတော့မီ အချိန်အတွင်း ကမ်းကပ်တော့မည်ဆိုသော အသိက လှိုင်းမူး၍ နွမ်းနယ်နေသော စိတ်အား တစ်တတ် တစ်အား တက်ကြွစေမိသည်
LosAngeles မှ Honolulu သို့ ထို သဘော်ကြီး ထွက်လာသည်မှာ 7 ရက်စွန်းစွန်းပင် ဖြစ်နေချေပြီ... ခရီးသည်များအပြင် ကုန်ပစ္စည်းများပါ တင်ဆောင်လာသော ထိုသဘော်ကြီးသည် အဆမတန် ကြီးမားလွန်းပေသည်...
ထို သယ်ဆောင်လာသော အရာများထဲတွင် LA မှ Honolulu သို့ တာဝန်အပြောင်းနှင့် ပါလာသော Nurse တစ်ဖွဲ့လည်း ပါပေသည်..." Jin မအေးဘူးလား.... ရော့ အနွေးထည်... လူနာကြည့်ဖို့သွားမှာနော် ကိုယ်တိုင် လူနာဖြစ်နေလို့ မရဘူး..."
ထိုလူ့စကားကြောင့် သဘော်ကုန်းပတ်တွင် ရပ်နေသော Jin ပြုံးမိပြီး ထိုလူလာပေးသော အနွေးထည်အား ဝတ်ဆင်လိုက်သည်... ထိုလူသည်လည်း သူ့လိုပင် Nurse တစ်ယောက်ပင်...
တာဝန် အပြောင်းပါသော Male Nurse 11 ယောက်ဖြစ်ပြီး... ထိုခရီးစဥ်အား စိတ်လိုလက်ရ လက်ခံထားကြသူများပင်ဖြစ်သည်..
.
.
.
.
1940 Dec 3
~~~~~~~~~များမကြာမီသော အချိန်တွင် သဘော်ကြီးလည်း အောင်မြင်စွာ ကမ်းကပ်နိုင်ခဲ့သည်... ကိုယ်စီ အထုတ်ဆွဲကာ ဆိပ်ခံဘောတံတားပေါ်သို့ လျောက်လှမ်းရင်း ကမ်း၏ ခပ်လှမ်းလှမ်းတွင် Welcome board ကိုင်ထားသော လူတစ်ဦးအား တွေ့ရလေသည်
Mr.Jin Eric and 10 Nurses ဆိုပဲထိုလူလာကြိုသော ကားပေါ် တတ်သွားလိုက်တော့ Honolulu Hospital ၏ ဝန်ထမ်းအိမ်ရာသို့ပင် ခေါ်ဆောင်သွားလေသည်
ထိုအရပ်တွင် မြို့ခံဆရာဝန်များ Nurse များသာ ရှိပြီး အပြောင်း အရွေ့Doctors / Nurse ဆိုလို့ ခပ်ရှားရှားပင် ထို့ကြောင့်နေထိုင်ဖို့ရာ အခန်းငယ်လေးတွေ မဟုတ်ပဲ ခြံစည်ရိုး အဖြူရောင်လေးနှင့် အိမ်ငယ်လေး အား တစ်ယောက်တစ်လုံးစီ ရရှိလေသည်...
ကျွန်းငယ်ဒေသလေးမို့ အိမ်မှ လှမ်းကြည့်လျှင် မြင်နေရသော ကမ်းစပ်လေးနှင့် အုန်းပင် ကောက်ကောက်လေးများမှာ လွန်စွာ စိတ်ကျေနပ်မှု ရစေသည်
![](https://img.wattpad.com/cover/284492219-288-k239379.jpg)
YOU ARE READING
📜 Letters 📜 (completed)
Fanfictionခင်မင်မှုတစ်ခု...ချစ်ခြင်းတစ်ခုတွင်... အကွာအဝေးနှင့် ဖြစ်တည်ခြင်းဆိုသော အကြောင်းအရာက မဆိုင်သလို ခပ်ခွာခွာ ဖြစ်နေတတ်သည်