1940 Dec 15
California ပြည်နယ်"စာလာတယ်ဗျို့....."
စာပို့သမား၏ အော်သံအဆုံးတွင် အိမ်ပေါ်မှ ပြေးဆင်းလာသူ ကောင်လေးမှာ အဖြူရောင် တီရှပ်လေးနှင့် ဘောင်းဘီအရှည်လေးအား ဝတ်ဆင်ထားသည်.... လုံးဝန်းသော ဦးခေါင်းထက်တွင် ဆံနွယ်များကလည်း ခုန်ပေါက်လျက်...
စာလက်ခံသူနေရာတွင် လက်မှတ်ထိုးပြီးနောက် ထိုစာလေးအား ပျော်ပျော်ရွင်ရွင်ပင် အခန်းအတွင်းသို့ ယူဆောင်သွားတော့သည်... အဖိုးအဖွားနှင့် နေသော Jk အတွက် အဖွားဆုံးပါးပြီးနောက် အဖိုးနှင့်သာ နေဖြစ်တော့သည်...
ယခုတစ်ခါ ပြန်စာသည် ထင်တာထက်ပင် မြန်နေခဲ့သဖြင့် Jk အတွေးထဲတွင် အကို Jackson အားနေတယ်လို့ ထင်သွားလေသည်...
အကို Jackson သည် ယခင်က အိမ်နီးနားချင်း အကို ဖြစ်ပြီး မောင်နှမ မရှိသည့် သူ့အတွက် သူငယ်ချင်းလိုရော အကိုတစ်ယောက်လိုပါ ခင်တွယ်နေရသည့်သူဖြစ်သည်...
California ဆေးရုံမှ Honolulu ဆေးရုံသို့ အပြောင်းကျသွားသည်မှာ သုံးနှစ်လောက်ပင် ရှိသညိ...ဒီနှစ်အတွင်း အကိုJackson နှင့် လူချင်း မတွေ့ရ စာအဆက်အသွယ်သာ ရခဲ့သည်...
ပြောချင်သမျှ အရာတွေကို စုထားပြီး စာပို့သည့် အခါမှသာ ပေါင်းထည့်ရေးကာ ရင်ဖွင့်လေ့ရှိသည်...
ပုံမှနိဆိုရင် အကို့ဆီက စာသည် ဒီထက်နောက်ကျမှ ရောက်တတ်သည်...
Jk ဆီမှ အကို Jackson ဆီရောက်ရန် 8ရက် 9 ရက်ခန့် ကြာပြီး အကို စာချက်ချင်း မပြန်သဖြင့် ကြားထဲတွင် တစ်ပတ်လောက် ကြာနိုင်သည်.. ထို့နောက် အကိုစာပြန်လျှငိ Jk ဆီရောက့ရန် 8 ရက် 9 ရက် ထက်ကြာပြန်သည်.. ထို့ကြောင့် Jk စာပို့ပြီး တစ်လနီးပါးကြာမှ အကို Jackson ဆီက စာကို ပြန်ဖတ်ရသည်...ဒီတစ်ခါတော့ လဝက်နှင့်ပင် ပြန်စာရလေသည်...စာလေးကို ကိုင်ကာ ကုတင်ပေါ်သို့ ထိုင်လိုက့ရင်း အကိုJackson စာအား ဖောက်ရန် ပြင်ဆင်သည်...
ဒီတစ်ခါ ထူးခြားသည်.. အကို Jackson လက်ရေးတွေက ပိုလှလာသည်... မှင်အရောင်လညိး ပြောင်းသွားသည်...ထို့နောက် ရနံ့ စာလေးက အရင်စာတွေနဲ့ မတူ အမွှေးနံ့တစ်ခုကို ရစေသည်... အတိအကျတော့ Jk မသိ... စာအိတ်အတွင်းက ထွက်လာသော စာရွက်လေးက Jk အား ပို၍ပင် အံအားသင့်စေသည်... လေးခေါက်ခေါက်ထားခြင်း မဟုတ်ပဲ အချိုးကျကျ ေဥပ်စွာ ခေါက်ထားသော စာရွက်လေး... အရင်လို အဖြူရောင်မဟုတ်ပဲ ပန်းရောင် စာရွက်လေး...
သေချာပါသည် အကို Jackson အလွန်တရာမှ အားနေသည် တူပါရဲ့...
YOU ARE READING
📜 Letters 📜 (completed)
Fanfictionခင်မင်မှုတစ်ခု...ချစ်ခြင်းတစ်ခုတွင်... အကွာအဝေးနှင့် ဖြစ်တည်ခြင်းဆိုသော အကြောင်းအရာက မဆိုင်သလို ခပ်ခွာခွာ ဖြစ်နေတတ်သည်