တွယ်ငြိရာမရှိလေ ပျံသန်းရတာ လွတ်လပ်လေတဲ့....ကျနော့် အတွက်ကတော့ အကိုဆိုတဲ့ ငြိတွယ်ချင်းရှိမှ ပျံသန်းရတာ ပိုအားရှိခဲ့တယ်....
ဒါ့ကြောင့် ဘဝအဆက်ဆက်မှာ အကိုနဲ့ ဆက်လက်၍ ငြိတွယ်နေဦးမှာပါ-------------------------------------------------------
2010 April
Hawaii, Honolulu"Hello Jk ရေ မင်းအခုထိ ပြန်မလာသေးဘူးလား"
"ပြန်လာနေပါပြီ အကိုရယ်"
"Ommm မြန်မြန်ပြန်လာ..."
"ဟုတ်ကဲ့"
ခေတ်ကာလတွေ တဖြည်းဖြည်းပြောင်းလဲလာတာနဲ့ အမျှ နည်းပညာတိုးတတ်မှုတွေကလည်း ဆန်းသထက် ဆန်းလာခဲ့တယ်...
ငယ်စဥ်အခါကလို အကို့အကြောင်းသိရဖို့ ရက်ရှည်လများစွာ အကို့စာကို စောင့်ဖို့ မလိုအပ်တော့ဘူး...
ခေါက်ဖုန်းလေး တစ်လုံးရှိရုံဖြင့် လေလှိုင်းက တဆင့် အကို့အသံလေးကို ကြားနေရနိုင်ခဲ့ပြီ...အိမ်မှာတစ်ဦးထဲ ကျန်ခဲ့သော အကိုက ကျနော့်ကို အခုထိ စိတ်မချဖြစ်နေဆဲပင်....ခပ်လှမ်းလှမ်းက Liquor ဆိုင်လေးတွင် အကိုနှင့် အတူသောက်ရန် Wiskey ပုလင်းလေး သွားဝယ်သည်ကို မြန်မြန်လာဖို့ ဖုန်းဆက်ခေါ်နေသည်လေ...
အသက်အရွယ်တွေလည်း ငယ်မနေခဲ့တော့ပါဘူး.... အကိုက 90 ဆိုတဲ့ အရွယ်ကို ရောက်သလို ကျနော်က 86 ပေါ့..... ဘယ်လိုပင် အသက်တွေ ကြီးလာပါစေ ကျနော့်က အကို့ထက် ငယ်တယ်ဆိုတဲ့ အမှန်တရားက ပြောင်းလဲသွားခြင်း မရှိလို့ အကို့အတွက်ကျနော်က ကောင်လေးပါတဲ့လေ....
အကိုရယ် ချစ်တတ်လိုက်လေခြင်း..ခြံဝန်းလေးထဲသို့ စက်ဘီးလေးတွန်းကာဝင်သွားတော့ အိမ်ရှေ့တံစက်မြိတ်အောက်တွင် ခုံလေးခင်းကာ သစ်သီးတချို့နှင့်အတူ ရေခဲခွက်လေးကလည်း အဆင်သင့်...
"ကောင်လေး... ဘာလို့ အဲ့လောက်ကြာနေတာလဲ ဘယ်တွေ ဝင်နေလို့လဲ "
"ဟောဗျာ... မကြာရပါဘူး အကိုရယ်....ငွေရှင်းပေးတဲ့ ကလေးက အလုပ်ရှုပ်နေလို့ စောင့်နေတာပါဗျ"
"အင်း...ပြီးရော"
"ပေး အကို ကျနော် ဖောက်ပေးမယ်"
![](https://img.wattpad.com/cover/284492219-288-k239379.jpg)
YOU ARE READING
📜 Letters 📜 (completed)
Fanficခင်မင်မှုတစ်ခု...ချစ်ခြင်းတစ်ခုတွင်... အကွာအဝေးနှင့် ဖြစ်တည်ခြင်းဆိုသော အကြောင်းအရာက မဆိုင်သလို ခပ်ခွာခွာ ဖြစ်နေတတ်သည်