အပိုင်း(၂၄) ကျင်းဟွားညီလာခံ (၅)

374 55 1
                                    


 
ဒုတိယမြောက်နေ့၌ လူအမြောက်အများ၏အာရုံကို ဆွဲဆောင်ထားသော ကျင်းဟွားညီလာခံသည် နောက်ဆုံးတွင် တရားဝင်စတင်လိုက်ပြီဖြစ်သည်။
  
ဒဏ္ဍာရီများအရ ကျင်းဟွားညီလာခံ သည်မူလက ရှောင်းယန်ဂိုဏ်းမှတောင်ထွတ်ခုနှစ်ခု၏ ကိုယ်ပိုင်ပြိုင်ပွဲဖြစ်သည်။လွန်ခဲ့သောနှစ်ပေါင်းများစွာတုန်းက ရှောင်းယန်ဂိုဏ်းတွင် တောင်ထွတ်ခုနှစ်ခုမှာ ယနေ့ကဲ့သို့ မိသားစုလိုစည်းစည်းလုံးလုံးမရှိဘဲ ပြန့်ကျဲနေသောသဲများကဲ့သို့ နယ်မြေအသီးသီးကွဲပြားနေခဲ့လေသည်။

ရှောင်းယန်ဂိုဏ်းအား အစဥ်အဆက်လက်ဆင့်ကမ်းခဲ့ပြီးနောက် လွန်ခဲ့သောနှစ်ပေါင်းငါးရာ ပင်းယန်ဂိုဏ်းချုပ်လက်ထက်၌ အပြင်ရန်သူဖြစ်သည့် နန်းရှန်းရွှမ်းယွမ်ဂိုဏ်းကို တွန်းလှန်ရန် တောင်ခုနှစ်လုံးအား နောက်ဆုံးတွင်စုစည်းစေခဲ့သည်။ထိုအချိန်တုန်းက ရွှမ်းယွမ်ဂိုဏ်းသည် မွန်းတည့်နေမင်းကြီးကဲ့သို့ အင်အားကြီးမားလှပြီး နန်ရှန်းကိုဗဟိုပြု၍ အရပ်လေးမျက်နှာမှ ကျင့်ကြံခြင်းဂိုဏ်းကြီးဂိုဏ်းငယ်အသီးသီးကို ဖြန့်ကျက်ဝါးမြိုထားလေသည်။

သူ တို့၏ အသောမတတ်နိုင်သောအရှိန်အဟုန်ကြောင့်သာ ရှောင်းယန်ဂိုဏ်း ရှေ့မှောက်၌ ကြီးမားသည့်ဆုံးရှုံးမှုကြီးကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
 
မည်သူမှ မတွေးထင်ထားလောက်သည်ကတော့
အချင်းချင်း အမြဲလိုလို ပဋိပက္ခဖြစ်တိုက်ခိုက်နေတတ်ကြသည့်ရှောင်းယန်ဂိုဏ်းသည် သေရေးရှင်ရေးအခိုက်အတန့်တွင် တစ်စုတစ်စည်းထဲ စည်းလုံးသွားလိမ့်မည်ဆိုသည်ကိုပင်။

ရွှမ်းယွမ်ဂိုဏ်းသည်သူတို့လိုချင်သောအရာကိုမရလိုက်သော်လည်း  ရှောင်းယန်ဂိုဏ်း  သည်လည်းကြီးမားသောဆုံးရှုံးမှုများနှင့်ကြုံတွေ့ခဲ့ရပြီး နှစ်ဖက် စလုံးဒဏ်ရာပြင်းထန်စွာရခဲ့ကြ၏။  ထိုအချိန်မှစ၍ ရွှမ်းယွမ်နှင့်ရှောင်းယန်ဂိုဏ်းတို့အကြားတွင် ပဋိပက္ခများရှိခဲ့ကြပြီး ယနေ့တိုင်လည်း ထိုပဋိပက္ခများမှ မလွတ်မြောက်သေးချေ။

နှစ်ဖက်စလုံး စစ်အေးတိုက်ပွဲ ဖြစ်ပွားနေကြဆဲပင်။

ရှောင်းယန်ဂိုဏ်း၏ ဂုဏ်သိက္ခာကိုပြန်လည်ရယူရန်အတွက် ပင်းယန်ဂိုဏ်းချုပ်သည် ရှောင်းယန်ဂိုဏ်း၏ တောင်ထွတ်ခုနှစ်ခုအား ယခုမှစ၍ပိတ်ထားတော့မည်မဟုတ်ကြောင်း လောကတစ်ခွင်သို့ ပြတ်ပြတ်သားသား ​ကြေငြာခဲ့ပြီး လောကအနှံ့မှ ကျင့်ကြံသူများသည်ပြိုင်ပွဲသို့  လာရောက်ယှဥ်ပြိုင်နိုင်ကာ အနိုင်ရသူသည် ရှောင်းယန်ဂိုဏ်းအား တောင်းဆိုချက်တစ်ခုတောင်းဆိုနိုင်ပေမည်။

Love and redemption (琉璃美人煞)Myanmar Translation Donde viven las historias. Descúbrelo ahora