(Zawgyi)
ကောင်းကင်တစ်ခွင်လုံးကြည်လင်ပြတ်သား၍
ကြယ်ရောင်စုံက မှိတ်တုတ်မှိတ်တုတ်ဖြင့် ည၏အလှကိုကောင်းစွာပုံဖော်ပြနေသည်
ပြည့်ဝန်းနေသည့် လမင်းကို မကြည် ကြည့် ကြည့်ရင်း...နှာခေါင်းရှုံ့မိပြန်သည်...
သူယနေ့မည်သည်ကိုစိတ်မကြည်ဖြစ်နေမှန်းမသိလေ၍ဖြစ်၏လပြည့်ညတွေအတွက် သာယာမှုကို သူ မခံစားတတ်
အပိုအလုပ်တွေမုန်းသူမို့ သဘာဝတရားကိုလည်းသူမချစ်တတ်မမြတ်နိုးတတ်
ဝိတစ်ရှိုက်ကို ရင်ထဲထိစိတ်လွတ်ကိုယ်လွတ်ရှိုက်ရင်း လက်ကျန်ကိုတော့
ဝရန်တာဘောင်နှင့်ထိုးချေပီး...ညဦးတစ်ခုက သူ့အတွက်သာမာန်အတိုင်းပင်...မှန်ရှေ့ရပ်ရင်း အနောက်တိုင်းပွဲတက်ဝတ်စုံ အဖြူရောင်ကို ဝတ်ဆင်ရင်း ပြင်ဆင်စရာမလိုသည့် မျက်နှာတစ်လျှောက်ပွတ်သပ်ကြည့်ရင်း အိပ်ယာထက်ပြန်လှဲကာ...အချိန်တစ်ခုအားစောင့်နေမိသည်
အလုပ်တွေပိ၍ပင်ပန်းသည်မို့ ထိုသို့ကျောခင်းဖြစ်ခြင်းဖြစ်သည်10minutes later...
"Boss...."
စကားနည်းသူမို့ အကြည့်တစ်ချက်နှင့်တင် ကိစ္စအဝဝ အစီရင်ခံတင်ပြလေတော့သည်
"ပြပွဲကို နောက် ၁၀မိနစ်အတွင်းထွက်ရပါတော့မယ် boss
ပီးတော့...
မနက်ဖြန် ပြပွဲရှယ်ယာထဲက တစ်ယောက်က အရောင်းအဝယ်အတွက် လက်ခံဖို့် အချိန်တောင်းဆိုထားပါတယ်""အင်း..."
"ပီးတော့ ပစ္စည်းအင် လဲလိုက်တဲ့လူစုကိုလည်း
ဖမ်းမိထားပါပီ""ဘယ်နှယောက်လဲ"
"5ယောက်ပါ boss"
"ဒီညတော့.....
အနားယူထားပါစေ...."ထိုလူတစ်စု၏ မနက်ဖြန်သည် သေခြင်းတရားနှင့် ထွေးဖက်ရပေတော့မည်...
စာနာစိတ်ကို ဥပေက္ခာပြုကာ သီးသန့်ဘဝကို အရယူနေသူက !Z!
သူ့နာမည်အရင်းအားတော့ ဒုစရိုက်နယ်ပယ် စီးပွားရေးနယ်ပယ် ကျယ်လည်ရာနယ်ပယ်တို့ကသိမည်မဟုတ်
ဒဏ်ရာတွေအရွယ်နှင့်မမျှ ရဖူးသူမို့
သွေးအေးလူသတ်ရက်စက်ခြင်းကို အလွယ်တကူကျင့်သုံးတတ်ပြန်သည်
ထိုဒုစရိုက်ဆန်သော အလုပ်တို့က အမွေရထားသည့်နှယ်မို့ သူကောင်းစွာကိုင်တွယ်တတ်နေလေပြီဖြစ်သည်