(Uni)
"ဟေ....VCတွေခေါ်လို့
ဘာတွေဖြစ်နေလို့လဲ ကလေး""-ီးတယ် မြင်ချင်လို့ခေါ်တာပေါ့ကွ"
"အဟား...ဘာတွေပြစရာရှိလို့များလဲလို့်"
"ဒီမယ်....."
အသွေးက ဓာတ်ပုံကဒ်လိုအရာလေးတစ်ခုကို သေချာကပ်ပြသည်...
အဖြူအမည်းရောနေလေသည့်သေချာပုံဖော်မရပါလေသော ပုံကဘာပုံရယ်တော့သေချာမသိ"ဘာကြီးလဲ အဲ့တာ"
"မင်းဒါကိုတောင်မသိဘူးလား"
"ဟင်...ကိုမသိ....ဘာလဲ ဟိုဟာလား ဟိုလိုဟာလေးလား ဟမ်အသွေး ဟိုဟာလားလို့"
သူ ဟိုဟာနေသည်နှင့်မိမိကို ဘာပြောရမှန်းမသိတော့....
"ဘာတွေ ဟိုနေတာတုန်း""ဟိုကွာ....ဟိုဟာ"
"အဟင်း...သေခါနီးကတော့ဦးနှောက်ပျက်နေပြီပဲ
ငါမင်းကိုယူမိတာမှားတာပဲ ""ကျစ် လူကြီးကိုကွာ...
အဲ့တာ...ကလေးပုံ...ဟုတ်တယ်မို့လားဟင် အသွေး....ကလေးရှိရင်အဲ့လိုလေးပေါ်တယ်လေ untrasound ရိုက်ရင်""ဘယ်မိန်းမကိုရိုက်ဖူးလို့သိနေတာတုန်းမင်းက"
"ဟေ"
"မင်း ဝန်ခံစမ်းပါ"
"ဟော်...မဟုတ်တာကို
ကလေး အထုပ်ကလေးမို့လားအဲ့တာ
ဟင် ဟုတ်တယ်မို့လား""အေး ဟုတ်တယ် အထုပ်အဲ့တာ
-ီးပဲမင်းလိုကောင်ကိုစကားမပြောချင်တော့ဘူး"
အသွေးတို့ကတော့တကယ့်ဒုက္ခ...untrasound ရိုက်ထားသည့်ဓာတ်ပုံမှန်းသိယုံနဲ့လူကိုဆဲပြီးဖုန်းချသွားသည့် ငကောက်ကလေး....စိတ်တိုလျှင်ချစ်စရာကောင်းပါသည်ဆိုမှသူကစိတ်ချည်းကောက်နေ၍ Zအသည်းယားမပြီးနိုင်တော့....
အထုပ်ကလေးဘယ်သက်တမ်းရှိနေပြီလဲတောင်မေးခွင့်မရလိုက်...
စိတ်မြန်လက်မြန်အသွေးကိုတကယ်ကြောက်ရသည်...သူစိတ်ကောက်မှာကြောက်ရ စိတ်ဆိုးမှာကြောက်ရ ဒေါသထွက်မှာကြောက်ရနှင့် မိမိလက်ကျန်သက်တမ်းကိုသူ့ချည်းကြောက်ပြီးရှင်သန်ရတော့မည်ထင်၏ကလေးရှိတာကိုပျော်ချိန်မရလိုက်...ဆဲချပြီး ဖုန်းချသွားပုံကြောင့် Zတစ်ယောက် မှင်တည်မရအောင်ရယ်နေရင်း သူ့ကိုဖုန်းတွေတရစပ်ပြန်ခေါ်ရပြန်သည်....