(Uni)
အိပ်ယာထဲဝင်ခွေနေပြီဖြစ်သော အသွေးကိုပြောကိုမပြောချင်တော့...
အဲ့စိတ်နဲ့ကရှေ့ဆက်ဘယ်လိုလုပ်မလဲမသိ
အတ္တကြီးတယ်ဆိုလို့မဆိုရက်...သူကသားကိုလူ့ဘဝထဲအထိရောက်လာဖို့ အတ္တကြီးပြီးခေါင်းမာကာမွေးပေးခဲ့တဲ့လူမို့ လူတိုင်းထက်သားကို အေသြးကပိုခ်စ္တာ အားလုံးသိသည်သားနှင့်လက်ပွန်းတတီးနေလာရသူဟာလည်း အေသြး
သားအနားအချိန်အပေးနိုင်ဆုံးကလည်း အသွေးမို့ သားကလည်းအသွေးကိုချစ်ရှာပါသည်"အေသြး...အဲ့လိုကြီးမနေနဲ့လေကွာ
မင်းဟာကနေမဝင်ရသေးဘူး အိပ်ယာထဲရောက်နေပြီဆိုတော့""အိပ်တော့မို့"
"သားကိုလွမ်းနေပြန်ပြီမဟုတ်လား"
"မဟုတ္ဘူး...သားမရှိရင် ငါမပျော်လို့"
"အဟင်း...သားကတပတ်ပဲ လင်္ကာနဲ့သွားတွေ့တာလေ အလွန်ဆုံးတပတ်ပါပဲ...ခုကတည်းကလွမ်းနေပြီလား သားသွားတာနာရီပိုင်းပဲရှိသေးတယ်"
"မသိဘူး...ငါနဲ့သားကခွဲနေကျမဟုတ်ဘူး"
"ကိုသိပါတယ်...သားလည်းလူပျိုဖြစ်နေပြီလေကွာ"
"မင်းလည်းစောစောအိပ်ယာဝင်...ငါအိပ်တော့မယ်"
"ကျစ်...အိပ်မရတာကိုအတင်းကြိုးစားမအိပ်နဲ့"
"ငါ့ဘာသာအိပ်မလို့ လို့ အင်းဟင်း"
မကျေမနပ်အံကြိတ်သံတွေက ကပ်ပါသွားရင်း သူ့သားကိုလွမ်းနေသော အဲ့အသွေးကိုဘယ်လိုလုပ်ပေးရမလဲမသိ
သားကလည်းသူ့ကိုခေါ်တာပဲကို သူ့ဘာသာလိုက်မသွားတာဖြစ်သည်
ကလေးတွေနှစ်ယောက်လွတ်လပ်ပါစေဆိုတဲ့စိတ်နဲ့သူ့သားကိုသွားခိုင်းပြီး အခုမွ မအီမသာမျက်နှာပေးကိုပြင်ကိုမပြင်တော့...သားသာချစ်သူနဲ့မဟုတ်ဘဲ ပျော်ပွဲစားတစ်နေရာရာကိုသာသွားမည်ဟုခေါ်လျှင် မဟူရာအသွေးတို့က နောက်မှာဖြစ်ချင်ရာဖြစ်လိုက်သွားမယ့်အမျိုးအစားထဲပါလေသည်...
ဒါကဒုတိယတစ်ခါဟုပြောရမည်
သားအလယ်တန်းပြီးစက သားတစ်ယောက်တည်း သူ့အဖိုးဆီအလည်သွားတုန်းက အသွေးဒီလိုဖြစ်ပြီးပြီမို့ နောက်ရက်ချက်ချင်းလိုက်ပို့လိုက်ရသည်အထိပင်...