(Uni)
"အေး...သွေးZလှိုင်း
မင်းမသေသေးဘူးလား""မင်းသေပြီထင်နေတာ
မဟူရာအသွေး""မင်းထက် ၆နှစ်ငယ်တဲ့ငါက အရင်သေစရာလား"
"သေဖို့အသက်ကိုစီမထားကြဘူး နားလည်သလား
Uncleရာ နေကောင်းလား""သူ့သွားမေးလေ ငါ့လာမေးနေ
ငါနဲ့ဖုန်းပြောရင်ငါ့အကြောင်းပဲမေး""အေး မသိချင်ဘူး ဒါပဲ"
"ဟျောင့် နေအုံး ငါတောင်းစရာရှိလို့မင်းဆီဆက်တာ"
"မင်းမွဲနေလို့လား
ဟမ်""Jadeကြီးငါ့ကိုပေးစမ်းပါ
ငါခုတလောအထီးကျန်သလိုခံစားနေရလို့""ငါ့သားနဲ့မင်းနဲ့တန်လို့လားစဉ်းစား
အသွေး....§လုပ် §ကိုင်မရှိရင်အာရုံလာမနောက်နဲ့
ဒါပဲ""ကိုကြီး....ကိုကြီးရာ
မင်းကွာ ငါဒါလေးတောင်းတာကို
မင်းလိုချင်တဲ့မြေကွက်ကျငါ့မှာပေးရပြီး""အကြီးလိုချင်တာကိုအငယ်ကပေးရမှာသဘာဝပဲ
ဒါပဲအသွေး ဖုန်းထပ်ဆက်ရင် Switch အထိလာပြီး
§ခွက်ဖြတ်ရိုက်မှာနော်""အေး မင်းJadeကိုငါအဆိပ်လာခတ်ပြီ §ကောင်
ဒါပဲ""ဘာ...ဘာပြောတယ် ဟျောင့် မဟူရာအသွေး
ဟျောင့်...."
ပြောချင်ရာပြောပြီးဖုန်းချသွားလေသည့် ညီလေးကြောင့် Zတစ်ယောက်ဒေါသူပုန်ထနေခဲ့ရလေသည်
အဖေ့ဘက်မှဝမ်းကွဲညီလေးဖြစ်သလို မိဘတွေမရှိကြတော့ကတည်းက ဘဝတူညီအစ်ကိုတတွေဦးလေးထိန်းချုပ်မှုအောက်မှာကြီးပြင်းလာရ၍ သံယောဇဉ်ကမွေးချင်းသားရင်းနှယ်
အသွေးဆီမှဖုန်းချပြီး၍ မကြာသေး Jayထံမှဖုန်းထပ်ဝင်လာ၍ကြားရသည့်သတင်းက ပိုဒေါထစဖွယ်ပင်...
!မြတ်စေသောတာ...ငါ့ကို§ကြောလာတင်းနေပ့လား!သောတာအကြောင်းကြားလိုက်ပြီးနောက် သူ့အခန်းတွင်းဆိုက်မြိုက်စွာဝင်လာလေသည့် Jue
စိတ်ရှုပ်ဖွယ်အလုပ်ကိစ္စထက် သူ့အား တဖွဖွလာစကားပြောရန် တောင်းဆိုနေသည့် ညီမကြောင့် စိတ်ရှုပ်လာမိသည်
သူ့ကို ဟိုကလေးအကြောင်းချည်းလာပြောနေ၍ Z စိတ်ကတိုမိလေပြီ