အပိုင်း၄၈

3.1K 329 1
                                    

Unicode:

Wen Qing နိုးလာတော့ Yan Han က ကုတင်အစွန်းမှာထိုင်ပြီး သူ့ကိုငေးကြည့်နေသည်။ Yan Han မျက်လုံးတို့က နီရဲနေပြီး မေးစေ့တွင်လည်း အမွှေးငုတ်တိုများ ထွက်နေသည်။

Wen Qing ကမေးလိုက်သည်။

"မင်းတစ်ညလုံး မအိပ်ထားဘူးလား"

Yan Han က ခေါင်းညိတ်ပြလိုက်သည်။

"ဒါဆို မင်းဆုံးဖြတ်ပြီးသွားပြီလား"

Wen Qing က ထလိုက်ပြီး ခေါင်းအုံးကို မှီထားသည်။

"ဆုံးဖြတ်ပြီးပြီ"

Yan Han က ခဏလောက်ရပ်လိုက်ပြီး

"မင်းထွက်သွားလို့မရဘူး။ ငါမင်းကို မင်းလိုချင်တာတွေ အကုန်ပေးနိုင်ပါတယ်"

"ညှိနှိုင်းလို့ရော မရနိုင်တော့ဘူးလား"

"မရဘူး"

Yan Han က Wen Qing ကိုသာ ငေးကြည့်နေသည်။

"ဒါဆိုလည်း မင်းအရင်ထွက်သွား။ ငါတစ်ယောက်ထဲ နေမယ်"

Wen Qing က ခေါင်းကိုစောင်းလိုက်ပြီး ပြတင်းပေါက်အပြင်ဖက်ကိုသာ ငေးကြည့်နေသည်။

Yan Han က လှုပ်တောင်မလှုပ်ပေ။

"မင်းငါ့ကို လက်လွတ်ပေးဖို့ ငါမင်းရှေ့မှာ သေပေးရမှာလား!"

Wen Qing မျက်လုံးများကတော့ တိမ်ထူလျက်။

Yan Han က တံတွေးမြိုချလိုက်ပြီး မတ်တပ်ရပ်ကာ တံခါးပေါက်ကို ငေးကြည့်နေသည်။

.......

လက်ထောက် Xiao Zhang က ဝင်လာပြီး Wen Qing ကို အလေးပြုကာ

"ဟိုင်း Wen Ge"

Yan Han က Xiao Zhang ကို တစ်ချက်ကြည့်လိုက်ပြီး Wen Qing ကို ပြောလိုက်သည်။

"ငါဒီနေ့မင်းကို အစည်းအဝေးပြီးတာနဲ့ ချက်ချင်းပြန်ခဲ့မယ်။ ငါမရှိတုန်း သူမင်းကို စောင့်ရှောက်ပေးလိမ့်မယ်"

Wen Qing က နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။ သူ့နဖူးတွင် သွေးကြောများတောင် ထောင်လာသည်။ Yan Han ထွက်သွားဖို့ လှည့်လိုက်တယ်ဆိုရင်ပဲ အနောက်ဖက်ဆီမှ ကျကွဲသံများ ထွက်ပေါ်လာသည်။

ငေးကြည့်နေမယ် /ေငးၾကည့္ေနမယ္(ဘာသာပြန်)(Complete)Wo Geschichten leben. Entdecke jetzt