အပိုင်း ၈

4.4K 477 3
                                    

Unicode:

Fang Qi က တုန့်ဆိုင်းစွာမေးလိုက်တယ် "မင်း Wen Bai ကို ဘယ်လိုထင်လဲ"

Wen Qing က ခေါင်းညိတ်ပြီး "ကောင်းပါတယ်"

"ဒါဆို မင်း.." Wen Qing က Fang Qi ပြောမပြီးခင်မှာ ခေါင်းယမ်းလိုက်တယ်။

"မင်းအခုထိ Yan Han နဲ့ အတူရှိနေတုန်းလား" Fang Qi ရဲ့ အသံက အံသြခြင်းတွေနဲ့ ပြည့်နေတယ်။

Wen Qing က စာနာစွာ ပြုံးလိုက်ပြီး မေးခွန်းကို မဖြေဘူး။ အဲ့အစား သူက Wen Bai အကြောင်းဖက်ကို ပြန်သွားလိုက်တယ်။ "သူက ကလေးတစ်ယောက်ပဲ ရှိသေးတာ။ သူ့ခံစားချက်တွေက မြန်မြန်ရောက်လာပြီး မြန်မြန်ပြန်ထွက်သွားမှာပဲ။ ငါသာ သူနဲ့ ခပ်ဝေးဝေးမှာနေမယ်ဆိုရင် သူ့ခံစားချက်တွေကို မေ့သွားမှာပါ။ "

Fang Qi က Wen Qing ကို ကြည့်လိုက်ပြီး သူ့ရည်မှန်းချက်တွေအတွက် ရှင်သန်ဖို့ အရှုံးပေးခဲ့တဲ့အတွက် ဒေါသထွက်နေတဲ့အသံနဲ့ ပြောလိုက်တယ်။ "ကလေး?" Fang Qi က အေးစက်စွာ ရယ်လိုက်တယ်။ "မင်း သူနဲ့ အတူနေနေသေးတယ်ဆိုကတည်းက မင်းက Wen Bai လောက်တောင် မရင့်ကျက်ဘူး။ အဲ့ရွံစရာကောင်းတဲ့ကောင်နဲ့ အတူဆက်နေဖို့ ဆုံးဖြတ်ထားတုန်းလား"

Wen Qing က ပြန်ခွန်းတုံ့ပြန်ချင်ခဲ့တယ်။ ဒါပေမယ့် သူက ဘာမှမပြောတော့ဘဲ သူ့နှာခေါင်းထိပ်လေးကို ကိုးရိုးကားယားနဲ့ ပွတ်နေလိုက်တော့တယ်။

"အဲ့ဒါကြောင့် ငါပြောတာပေါ့"Fang Qi က ဆေးလိပ်ကို မီးညှိလိုက်တယ်။ "မရင့်ကျက်တဲ့လူတွေက ပိုပြီး ခေါင်းမာတတ်ကြတယ်"

Wen Qing က ဆေးလိပ်ငွေ့တွေကြောင့် Fang Qi ရဲ့ အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ခနလောက် တိတ်ဆိတ်နေပြီးနောက်မှာ Fang Qi က လှောင်ရယ်လိုက်ပြီး "မင်းရဲ့ ခေါင်းမာမှုတွေကို မင်းနဲ့အတူ ခေါင်းတလားထဲကိုတော့ ယူမသွားနဲ့ကွာ"

Wen Qing က ပြုံးလိုက်ပြီး "ငါ လက်ထောက်တစ်ယောက် မလိုပါဘူး။ Wen Bai ကို လမ်းပြပေးဖို့ တစ်ခြားတစ်ယောက်ကို ရှာဖို့ အကြံပေးချင်တယ်"

သူက မတ်တပ်ရပ်လိုက်ပြီး ပြောပြီးတာနဲ့ အခန်းထဲက ထွက်သွားတော့တယ်။ Fang Qi က ဆက်ထိုင်ပြီး ဆေးလိပ်သောက်နေတယ်။ သူက ကျောက်တုံးတစ်တုံးလို တောင့်တင်းနေတယ်။ ဂုဏ်ပြုထိုက်တဲ့ လက်မှတ်ပါရှိတဲ့ ရုပ်ထုတစ်ခုလိုပဲ။

ငေးကြည့်နေမယ် /ေငးၾကည့္ေနမယ္(ဘာသာပြန်)(Complete)Donde viven las historias. Descúbrelo ahora