အပိုင်း ၂၀

3.2K 370 1
                                    

Unicode:

Wen Qing ဒီနေ့အိမ်မှာတစ်ယောက်တည်း ရှိနေတုန်း ဖုန်းတစ်ကောဝင်လာခဲ့တယ်။

ဖုန်းရဲ့တစ်ဖက်ကလူက ဘာမှမပြောဘူး။ ယောကျ်ားတစ်ယောက်ရဲ့အသက်ရှူသံ တိုးတိုးလေးကိုသာ ကြားနေရတယ်။ သူက နာမည်ခေါ်ကြည့်လိုက်တယ် "Wen Bai လား"

တစ်ဖက်ကလူက တုန့်ပြန်တဲ့အနေနဲ့ တိုးတိုးညည်းလိုက်တယ်။နှစ်ဖက်စလုံးက ဘာမှမပြောကြဘူး။ ခနကြာတဲ့အခါ Wen Bai က ရုတ်တရက် "ကျနော် အစ်ကို့ကို လွမ်းတယ်"~~~~~

Wen Qing က တစ်ခုခုပြောဖို့ စဥ်းစားနေတုန်းမှာ တစ်ဖက်က လိုင်းကျသွားတဲ့ တဘီဘီမြည်သံ ထွက်ပေါ်လာတယ်။ Wen Qing က ရယ်လိုက်ပြီး လွန်ခဲ့တဲ့နှစ်များစွာက Yan Hanသူ့ကို ပထမဆုံးအကြိမ်သူ့ကို ဖောက်ပြန်ခဲ့တာကို ပြန်တွေးနေမိတယ်။

––

အဲ့တုန်းက ဆောင်းရာသီဖြစ်တယ်။ သူက Yan Han ကို နှစ်သစ်ကူးလက်ဆောင်ဝယ်ပေးချင်ခဲ့တယ်။ ဒါကြောင့် သူက ဆိုင်ထဲမှာ စျေးဝယ်ထွက်ခဲ့တယ်။သူအောက်ထပ်ကို ဆင်းနေတုန်း Yan Han နဲ့တူတဲ့ နောက်ကျောပုံကို မြင်လိုက်တယ်။ သူ့​ဘေးမှာ သူ့လက်ကိုချိတ်ထားပြီး တောက်တောက်ပပအရောင်တွေဝတ်ထားတဲ့ ကောင်လေးတစ်ယောက်နဲ့အတူပေါ့။

Wen Qing က ချက်ချင်းပုန်းလိုက်ပြီး သူတို့နှစ်ယောက်ကို အကြာကြီးစိုက်ကြည့်နေလိုက်တယ်။ Wen Qing က တုန်ရီစွာနဲ့ Yan Han ဖုန်းကို ခေါ်လိုက်တယ်။ တစ်ဖက်လူက ဖုန်းမကိုင်ဘူး။ ခနကြာ​တော့ မက်ဆေ့တစ်စောင်ရောက်လာတယ်။ 'ငါဒီည အချိန်ပိုရှိတယ်။ အိမ်ပြန်လာမှာမဟုတ်ဘူး'

အဲ့နေ့က Wen Qing ဘဝမှာ စိတ်အားငယ်ရတဲ့နေ့တွေထဲက တစ်နေ့ပါပဲ။ အဲ့အချိန်တုန်းက သူက Yan Han အတွက် သူမိသားစုနဲ့ ရန်ဖြစ်ခဲ့ရပြီး အဆက်အသွယ်ဖြတ်ခဲ့ရတာ။ သူအလုပ်ထွက်ဖို့လည်း Yan Han နဲ့ သဘောတူခဲ့တယ်။အရင်တုန်းကတော့ သူ့ကို ကူညီထောက်ခံပေးမယ့် နောက်ဆုံးထောက်တိုင်လေး ရှိနေသေးတဲ့အတွက် ကျေနပ်နေခဲ့တာ။ သိပ်မကြာခင်မှာ​ပဲ သူက အေးစက်တဲ့ ရေအေးတွေထဲကို အနက်ရှိုင်ဆုံး ကျရောက်သွားတော့တာပဲ။

သူက အကူအညီကင်းမဲ့စွာနဲ့ ဒေါသထွက်နေရတယ်။ ချမ်းအေးလွန်းတဲ့ ဆောင်းရာသီကြီးမှာ သူကခိုက်ခိုက်တုန်နေခဲ့တယ်။

ငေးကြည့်နေမယ် /ေငးၾကည့္ေနမယ္(ဘာသာပြန်)(Complete)Unde poveștirile trăiesc. Descoperă acum