Unicode1.

3.5K 250 10
                                    


**
"မကြာခင် အချိန်အတွင်းမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ဆိုက်ရောက်တော့မှာ ဖြစ်တဲ့အတွက် ထိုင်ခုံခါးပတ်များကို သေချာ ဝတ်ဆင်ထားကြဖို့ အသိပေးပါတယ်ရှင်"

Englishဘာသာဖြင့်ကြေငြာလိုက်သော
လေယာဉ်မယ်လေး၏ စကားအဆုံးမှာ Jennie ၏ ခန္ဓာကိုယ်လေး တောင့်မတ်သွားခဲ့ရသည်။

Thailand...
သူမရဲ့ စိတ်အစဉ်ကို ညှို့ငင်ဖမ်းစားသော နိုင်ငံ။

အလည်အပတ် လာချင်ခဲ့တာ ကြာမြင့်လှပြီ။
တစ်နှစ်လား။ ငါးနှစ်လား။
ဒါမှ မဟုတ် (၇) နှစ် လား။

အခုတော့ တကယ် ရောက်နိုင်ခဲ့ပြီပဲ။

အတွေးများနှင့်အတူ လေယာဉ်ပြတင်းပေါက်ဖက် ခေါင်းလေးတိုးကာ ငုံ့ကြည့်လိုက်သည်။

ဖြူလွှဖွေးဆွတ်နေသော တိမ်စိုင်တိမ်လိပ်များက ဟိုတစ်စု သည်တစ်စု။

တိမ်အနည်းငယ် ထူသယောင် သဘောဆောင်သည်။
လေယာဉ်ဆင်းသက်ချိန်၌ အနည်းငယ် တုန်ခါပေလိမ့်မည်။

လေယာဉ်စီးရတာကို သဘောကျသော်ညား ထို တုန်ခါမှုကိုတော့ Jennie မခံစားနိုင်ပါ။

အမြဲဆိုသလို မျက်စိစုံမှိတ်ကာ ခန္ဓာကိုယ်ကို နောက်သို့ လှန်ချ၍ ထိုတုန်ခါမှုတို့ကို ရင်ဆိုင်တတ်သည့်တိုင် ယခုကတော့ အရာရာထက်ပို၍ စိတ်ဝင်စာစရာ မြင်ကွင်း တစ်ခုက Jennie ၏ စိတ်အစုံကို ဖမ်းယူ ဆွဲခေါ်သွားခဲ့ပြီ။

ထိုအရာသည်ကား.... စိမ်းစိုနေသည့် တောအုပ်ကြီး။

တောတောင်ရေမြေ သာယာသော နိုင်ငံတစ်ခု ရယ်လို့ သိရှိထားပြီးသားမို့ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည့် အောက်ဖက်မှ မြေပြင် မြင်ကွင်းကိုနှုတ်ခမ်း‌လေး စုကျုံ့ကာ ငေးမောရသည်။

" Hello...... Thailand..... ငါ့ကို ကြိုဆိုပါ"

အတွေး စ တို့နှင့်အတူ ပန်းဖျော့ရောင် နှုတ်ခမ်း အစုံက ပြုံးမြမြ။

တွေ့ကြုံရမဲ့ အတွေ့အကြုံအသစ်တို့အတွက် Jennie Kim အဆင်သင့် ဖြစ်နေပါပြီ။

May God bless me.

***

*Jennie Rubel Kim *

Korea နိုင်ငံ၏ ထိပ်တန်း လုပ်ငန်းစု ဆယ်ခုတွင် တစ်ခု အပါအဝင်ဖြစ်သော"Global Star" လုပ်ငန်းစု၏ တစ်ဦးတည်းသော အမွေ ဆက်ခံသူ။

Star ,from my wayWhere stories live. Discover now