Unicode 3.

1.7K 199 12
                                    

***
နံနက်ခင်း နေရောင်သည် တောက်ပစွာ ထွန်းလင်းနေသည်။

ထိုင်းဘုရင့်နိုင်ငံတော်သည် ကြည့်လေရာရာတိုင်း
နွေးထွေးမှုများဖြင့် ပြည့်နှက်လျက်။

အနွေးထွေးဆုံးကတော့...

"Thailand ရဲ့ Nick name ကို သိကြလား"

Trip ကား၏ မောင်းသူ နံဘေးမှာ မတ်တပ်ရပ်ကာ သူမတို့ ဧည့်သည် တွေဖက်ကို မျက်နှာမူပြီး ခရီးစဉ်အကြောင်း ပြောပြနေသော GuideအမျိုးသမီးလေးLa Lisa.

အပြုံးချိုချိုကတော့ သူမ၏ မူပိုင်ပြယုဂ်တစ်ခု။

"Thailand's Nick name ? Right"

"ဟုတ်တယ်။ နိုင်ငံ အရပ်ရပ်က ဧည့်သည်တော်တွေက Thailand ကို "_The land of smile_"လို့ တင်စားခေါ်ဝေါ်ကြတယ်။ကျွန်မတို့ လူမျိုးစု...."

"The land of smile ဆိုတာ မင်းတစ်ယောက်ထဲနဲ့တင် သက်သေပြနေပြီပဲ"

Lisa ၏ စကားမဆုံးခင် ဝင်ပြောလိုက်သော Mr.Smitch ၏ စကားကြောင့် သူမတို့အားလုံး ရယ်မောလိုက်ကြရသည်။

အမှန်ပဲလေ။

Lisa ဆိုသော အမျိုးသမီးငယ်လေးရဲ့ အပြုံးတွေကို သတိထားမိတာ သူမတစ်ယောက်ထဲ မဟုတ်ဘူးပဲ။

"အိုး...။ ကျွန်မကို ချီးကျူးတာလားရှင်။ ကျေးဇူးပါ"

လေးည အိပ် ငါးရက် ခရီး အစီအစဉ်မို့ သွားရမည့် နေရာတို့က တန်းစီနေသည်။

နံနက်ခင်း၏ နေခြည်နုနုက ကားမှန်မှတဆင့် jennie ၏ မျက်နှာပေါ်သို့ ကျရောက်လျက်။

နေရာလည်း မရွှေ့ချင်တော့တာမို့ ပေကပ်ပြီးတော့သာ ထိုင်နေလိုက်သည်။

ကျန်ဧည့်သည်လေးယောက်က ကား၏ တစ်ဖက်ခြမ်းမှာ ထိုင်နေသည်မို့ jennie တစ်ယောက်ကိုသာ နေရောင်ခြည်က စူးစူးရှရှ။

"Ms.Jennie Rubel Kim . လိုက်ကာလေး တပ်ပေးမယ်နော်။ တဆိတ်လောက် ခွင့်ပြုပါ။"

သူမ၏ ရှုံ့ကြိုးကျောပိုးအိတ်လေးထဲမှ ထုတ်ယူလိုက်သော ခန်းစီးစ ပိစိလေးတစ်ခု။

အရာရာကို အသေးစိတ်ကအစ သတိထားတတ်လွန်းပါလား La Lisa Shii.
ကျောမှာ ပိုးလွယ်ထားတဲ့ အိတ်ပိစိလေးထဲ ဘာတွေ ပါသလဲ သိပ်သိချင်တာပဲ။
အခုလို လိုက်ကာ အသေးစားလေးတွေတောင် ပါတယ်ဆိုတော့လေ။

Star ,from my wayWhere stories live. Discover now