unicode 2

1.7K 218 21
                                    


***
" Daddy ပြောတဲ့အထဲ နည်းလမ်းမကျတာ ရှိလား Jennie"

"ဟင့်အင်း။ Daddy ပြောတာ ဖြစ်သင့်တာကို Jen သိပါတယ်။ဒါပေမဲ့...ဒါပေမဲ့ ကိုကို့ ကို Jen က အကိုတစ်ယောက်ထက်ပိုပြီး ခံစားလို့မရ....."

သူမ ခပ်တိုးတိုး ရေရွတ်လိုက်တော့မှ Daddy က တွန့်ချိုးထားသော မျက်ခုံးအစုံကို ဖြေလျော့ကာ သက်ပြင်းတစ်ချက် ချသည်။

စိတ်ကြီးပေမဲ့ သူမကိုဆို တုန်နေအောင်ချစ်သော Daddy ကို သူမ ယုံကြည်ပါသည်။

Daddy စီစဉ်သမျှဟာ သူမ အတွက်ပဲ ဆိုတာ။

အခု မယုံကြည်ရတာက သူမရဲ့ ခံစားချက်။
မသေချာတဲ့ ခံစားချက်တွေကြားမှာ ကိုကို့ကို
အတုအယောင်တွေ ပေးမိမှာ ကြောက်ပါသည်။

"သမီးဟာ အရွယ်နဲ့ မမျှအောင် တွေးခေါ်တတ်တာ Daddy သိလို့ ဒီနေ့အထိ ကန့်ကွက်ခဲ့တာ ဘာရှိလို့လဲ။ အခု တစ်ခါတော့...... Daddyတောင်းဆိုပါတယ် Jennie"

Daddy ၏ စကားအဆုံးမှာ Jennie Kim
တစ်ယောက် မျက်ဝန်းမှ လျှံထွက်လုဆဲဆဲ မျက်ရည်များကို ထိန်းချုပ်သိမ်းဆည်းလိုက်ရသည်။

Daddy ရှေ့မှာ...ဟင့်အင်း။
Daddy ရှေ့မှ မဟုတ်။
ဘယ်သူ့အရှေ့မှာမှ မျက်ရည်ကျလို့ မဖြစ်ဘူး။

Global star ရဲ့ ဆက်ခံသူ တစ်ယောက်အနေနဲ့ ဘယ်သူ့ရှေ့မှာမှ ပျော့ညံ့ပြလို့ မရဘူး။

"သမီး... Jennie...ပင်ပန်းနေရင် နားလိုက်တော့လေ။ ဒီနေ့ စောစောရုံးဆင်း..."

"ရပါတယ် Daddy. လချုပ် စာရင်းတွေ စစ်ဖို့ ကျန်သေးတယ်။ အကြွေးမထားချင်ဘူး။ သမီးသွားပြီနော်"

"အိုခေ။Have a nice day နော် သမီး"

Daddy ကို အသာအယာပင် ခေါင်းညိမ့်ပြကာ ရုံးခန်းထဲက ထွက်လာခဲ့လိုက်သည်။

လမ်းတစ်လျှောက်ရှိ ဦးညွှတ်နေသော ဝန်ထမ်းများကို အသိအမှတ်ပြု ခေါင်းအသာ ညိမ့်ပြလာရသည်မှာ ကိုယ်ပိုင် ရုံးခန်းထဲရောက်တော့ ဇက်ကျောတွေပင် တောင့်တင်းလျက်။

"Min Soo..ကိုကိုရယ်။ ဘယ်လို အကြောင်းပြချက်နဲ့ ငြင်းရမှာလဲ။"

နှုတ်မှ ရေရွတ်လိုက်မိသည့်စကားသံက တကယ်ကို တိုးဖွဖွ။

Star ,from my wayOù les histoires vivent. Découvrez maintenant