အပိုင်း - ငါး

818 73 2
                                    

" စာမေးပွဲနီးလာပြီ နီတာရဲလေးရေ
စာလုပ်အုံးမယ်ကွ ငြိမ်ငြိမ်လေးနို့စို့နေနော် "

အပြင်ကပြန်လာပြီးကတည်းက အရင်ဆုံး
လုပ်ရတာက နီတာရဲလေးကို နို့ဗူးဖျော်ပေး
ရတာပဲ ။

ပြီးတော့မှ ကျန်တဲ့လုပ်စရာရှိတာတွေ
လုပ်ရသည် ။

နီတာရဲလေးကို ကုတင်ပေါ်က သူ့အိပ်ရာ
ခင်းလေးမှာ ချထားလိုက်ပြီး
ဆက်ဥသြ စာအုပ်တွေကို ကုတင်ပေါ်
တင်လိုက်သည် ။

ရေချိူးခန်းထဲ အမြန်ဝင်လို့ ရေကို
ချိူးလိုက်ရသည် ။
တွေ့တာကောက်စွတ်ချင်ပါသော်လည်း
အကုန်လုံးနီးပါးက နီတာရဲလေးရဲ့
အင်္ကျီ သေးသေးလေးတွေကြီးပဲ ။

ဗီဒိုဖွင့်ကာ ဝတ်နေကျအတိုင်း ဝတ်လိုက်ပြီး
ကုတင်ပေါ်လာလိုက်တော့ မျက်လုံးပြူးပြူး
လေးတွေက မှိတ်လို့ ။
ပါးစပ်လေးက ဟပြီး အိပ်နေလိုက်တာ ။

အခုမှပဲ သက်ပြင်းချနိုင်တော့သည် ။
မဟုတ်ရင် ဘာလုပ်လုပ် စိတ်မဖြောင့်ဘူးမို့ ။

အချိန်က ညနေ ၅ နာရီ ရှိပြီ ။
စာကြည့်ရင်းသောက်ဖို့ ဆက်ဥသြ
ကော်ဖီထွက်ဖျော်လိုက်ပြီး အခန်းထဲယူလာ
ကာ စာအုပ်တွေဘေး ချလိုက်သည် ။

Final year ရဲ့ first seme နီးလာပြီမို့
မကျက်လို့လဲ မရတော့ဘူး ။
ဆက်ဥသြနည်းတူ ဟိုနှစ်ကောင်လဲ
အခုလောက်ဆို ဖင်ကုန်းအော်နေလောက်ပြီ
စာတွေကိုပြောပါတယ် ။

စာထဲစိတ်ရောက်သွားသည်နှင့် ဘာမှ
မသိတော့သော ဆက်ဥသြပါလေ ။

တင်းတောင်...

အရှေ့ဆီမှ ဘဲလ်သံကြားလိုက်တော့မှ
ဆက်ဥသြ စာအုပ်ကိုချကာ အိမ်ရှေ့ထွက်
ကြည့်သည် ။

သေချာတာကတော့ ဆက်ဥသြ မှာထားတာ
တွေ လာပို့တာနေမှာပါ ။
နီတာရဲလေးနဲ့ အပြင်သွားသည်မို့
ညနေစာ မချက်ဖြစ်တော့ ။
Delivery သာ မှာလိုက်သည်မို့ ။

ဟုတ်ပါသည် ဆက်ဥသြ မှာထားတာတွေ
လာပို့တာ ။
နီတာရဲလေး မနှိုးသေးခင် စားရမှာမို့
တစ်ခါထဲ ပန်းကန်တွေထဲ ထည့်ကာ
စားနေလိုက်သည် ။

အဲ့.... ဟင့်....

နီတာရဲလေး နိုးလာပြီထင်သည် ။
စားလက်စတွေ ထားခဲ့ကာ အိပ်ခန်းထဲ
အပြေးသွားလိုက်တော့ မြင်လိုက်ရသည်က
မှောက်နေသော ကော်ဖီခွက်ရယ် ကော်ဖီ
တွေ စိုနေသော စာရွက်တွေရယ် ။

' ဆက် ' ... ချစ်နေမယ်Where stories live. Discover now